Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ (၄၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် စက်တင်ဘာ ၄ရက် ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က အသိပေးထုတ်ပြန်သည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအားတွေ့ရစဥ်(ပုံဟောင်း)။ ဓာတ်ပုံ-CJ

သုည/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် စက်တင်ဘာ ၄ရက် ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ညက ၇ နာရီခွဲကျော်လောက်မှာ ၄၅ ရပ်ကွက်အုပ်ကြီးရုံး ဗုံးပေါက်တာပါ။ အသံက တော်တော် ကျယ်တယ် တစ်ရပ်ကွက်လုံးနီးပါး ကြားလိုက်ရတယ်။ ရုံးအုတ်တံတိုင်း နေရာအချို့ နည်းနည်းပြိုသွားတယ် ပြောကြတယ်။ အုပ်ကြီးရဲ့ အပေါင်းအပါတစ်ယောက်လည်း ထိတယ်လို့ ကြားပါတယ်”ဟု မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံးရှိ ပျူစောထီးများသည် စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စစ်မှုထမ်းရန် လူသစ်စု​ဆောင်းနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Rangoon Urban Column အဖွဲ့က ဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက ဒဂုံမြို့သစ်မြောက်ပိုင်း ဘေလီတံတားနှင့် ပြည်ထောင်စုလမ်းမကြီးတို့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်များက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။