Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် NUG သတ်မှတ်ကြေညာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(စက်တင်ဘာ ၅ရက်)ထုတ်ပြန်ကြေညာလိုက်သည်။

အီယိုရီ/People’s Spring

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(စက်တင်ဘာ ၅ရက်)ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက်စစ်အုပ်စုသည်မြန်မာနိုင်ငံအားအလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေသာ အဖွဲ့အစည်းဖြစ်ခြင်း၊ အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေးကိုပျက်စီးထိခိုက်စေသောအဖွဲ့အစည်းဖြစ်ခြင်းတို့ကြောင့် ထိုသို့ Enemy of the State အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လက်ရှိအကြမ်းဖက်စစ်အုပ်စုအဖြစ်ကြေညာခြင်းခံထားရတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ပေါ့နော်။ သူတို့က အကြမ်းဖက်အုပ်စုဆိုတဲ့ခေါင်းစဥ်နဲ့တောင် လုံလောက်မှုမရှိတော့တဲ့ လုပ်ရပ်တွေကို ကျူးလွန်လာတဲ့သဘောဖြစ်တာပေါ့။ တနိုင်ငံလုံးကို ဒုက္ခပေးလာတယ်” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အကြမ်းဖက်စစ်အုပ်စုသည်နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတို့ကိုကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူလူထုအားလက်နက်ကြီး၊လက်နက်ငယ်မျိုးစုံဖြင့် ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းအင်အား ကိုအသုံးပြု၍ နေရာအနှံ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိကြောင်း NUG က ထုတ်ပြန်သည်။

အဆိုပါ ဆိုးရွားပြင်းထန်စွာကျူးလွန်နေသော ရာဇဝတ်မှုများသည် နိုင်ငံတကာစစ်ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်းဖြစ်ပြီး ကြီးလေးသော စစ်ရာဇဝတ်မှုများအဖြစ် နိုင်ငံတကာ တရား

ရုံးများနှင့် စစ်ခုံရုံးများတွင် အရေးယူ၍ ထိုက်သင့်သည့်ပြစ်ဒဏ်များကိုချမှတ်ရမည့် စစ်ရာဇဝတ်မှုကြီးများ ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံအကြမ်းဖက်စစ်အုပ်စုသည်အရပ်သားပြည်သူလူထုအား စစ်ပွဲများတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက်ရည်ရွယ်ချက်ရှိစွာဖြင့် အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကိုလည်းကောင်း၊ အသက် (၃၅) နှစ်မှ အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကိုလည်း

ကောင်း အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာပြီး မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးအစရှိသည့် အကျိုးစီးပွားနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာအား ထိပါးစေသော လုပ်ရပ်များကိုကျူးလွန်နေကြောင်း NUG က ဖော်ပြသည်။

ထို့အတွက် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းများ၊ ကာကွယ်ရေး၊လုံခြုံရေးယန္တရားများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းလုပ်ရပ်များကို နိုင်ငံတော်နှင့် ပြည်သူလူထုအား သစ္စာဖောက်ဖျက်မှုနှင့် အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော ရာဇဝတ်လုပ်ရပ်များအဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမူများကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားကြရန် NUG က တိုက်တွန်း ပန်ကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုလိုလားကြသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံအကြမ်းဖက်စစ်အုပ်စုအားထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးကြရန် ဆက်လက်ပန်ကြားသည်။

“NUG နဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေတဲ့ စစ်ရေးအရှိန်မြှင့်တင်တာတွေ၊ စစ်ရေးအရ ဖိအားပေးတာတွေ၊ နိုင်ငံတကာ ဖိအားပေးတာတွေ၊ နောက်ပြီး အခြားသော ကဏ္ဍပေါင်းစု့ကနေ ဖိအားပေးတာတွေ လုပ်ပြီး ဒီအကြမ်းဖက်စစ်အုပ်စု၊ တိုင်းပြည်ရဲ့ ပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်တဲ့စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းနိုင်ဖို့၊ အမြစ်ဖြတ်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သော CDM တွဲဖက်ပါမောက္ခတစ်ဦး၏ အသက် ၅နှစ်အရွယ် သမီးငယ်တစ်ဦးအပေါ် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းအမြတ်ထုတ်မှုနှင့် အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစု(အမည်လွှဲ)က People’s Spring လူထုနွေဦးသို့ ပြောသည်။

သတင်း

မသမာသူများက PDFနှင့် ပကဖအမည်အလွဲသုံးပြီး ဆက်ကြေးတောင်းခံမှုများရှိနေ၍ ငွေညှစ်သည့်စာများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

သတင်း

မြို့နယ်တစ်ခုတွင်ပအဖတစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားကာ စစ်ဆေးမှုများပြုလုပ်နေဟုဝန်ကြီး​ပြော

Trending

Facebook