Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းစစ်ဌာန PDFထံ စစ်ကောင်စီရေတပ်မှ တပ်ကြပ် တစ်ဦးအလင်းဝင်လာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဌာန ၊ တပ်ရင်း(၅၁၀၂)သို့ စစ်ကောင်စီ​၏ ရေတပ်မှတပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အ‌သိပေးထားသည်။

အလင်းဝင်လာသော တပ်ကြပ်အား ရန်ကုန်တပ်ရင်း(၅၁၀၂) တာဝန်ရှိသူများက စကားပြောနေစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းစစ်ဌာန

သတိုး/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဌာန ၊ တပ်ရင်း(၅၁၀၂)သို့ စစ်ကောင်စီ​၏ ရေတပ်မှတပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အ‌သိပေးထားသည်။

အလင်းဝင်လာသူမှာ မော်လမြိုင် အမှတ် (၂) ‌ဗျူဟာစစ်ရေယာဉ်အုပ်စုမှ တပ်ကြပ်ညီညီလွင်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီလက်ခံကာ ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက စက်တင်ဘာ ၅ရက်တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများကို ဆုငွေများချီးမြှင့်ပေးသွားမည်ဖြစ်သည်။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၂)ကို ပြီးခဲ့သည့် ဇွန်လ ၁ရက်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဩဂုတ်အတွင်းကလည်း တပ်မ (၄၄) လက်အောက်ခံ ခမရ(၂)မှ တပ်သားနှစ်ဦး အလင်းဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။