Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းစစ်ဌာန PDFထံ စစ်ကောင်စီရေတပ်မှ တပ်ကြပ် တစ်ဦးအလင်းဝင်လာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဌာန ၊ တပ်ရင်း(၅၁၀၂)သို့ စစ်ကောင်စီ​၏ ရေတပ်မှတပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အ‌သိပေးထားသည်။

အလင်းဝင်လာသော တပ်ကြပ်အား ရန်ကုန်တပ်ရင်း(၅၁၀၂) တာဝန်ရှိသူများက စကားပြောနေစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းစစ်ဌာန

သတိုး/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဌာန ၊ တပ်ရင်း(၅၁၀၂)သို့ စစ်ကောင်စီ​၏ ရေတပ်မှတပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အ‌သိပေးထားသည်။

အလင်းဝင်လာသူမှာ မော်လမြိုင် အမှတ် (၂) ‌ဗျူဟာစစ်ရေယာဉ်အုပ်စုမှ တပ်ကြပ်ညီညီလွင်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီလက်ခံကာ ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက စက်တင်ဘာ ၅ရက်တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများကို ဆုငွေများချီးမြှင့်ပေးသွားမည်ဖြစ်သည်။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၂)ကို ပြီးခဲ့သည့် ဇွန်လ ၁ရက်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဩဂုတ်အတွင်းကလည်း တပ်မ (၄၄) လက်အောက်ခံ ခမရ(၂)မှ တပ်သားနှစ်ဦး အလင်းဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။