Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်လက်နက်ချသူများအနက် ပေါ်တာဆွဲခံရသူအများစုပါဝင်​နေ

အမှတ် (၁) စစ်​ဒေသ၏ ကွပ်ကဲမှုဖြင့် PDF နှင့် ပူး​ပေါင်းတပ်များ၏ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကခုခံရန်ပို့ဆောင်သည့်စစ်ကူများတွင်ပေါ်တာစွဲခံရသူများ အများဆုံးပါဝင်ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကပြောသည်။

တော်လှန်​ရေးတပ်များက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ထံမှသိမ်းဆည်းရရှိ​​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ

“အင်အား ၈၀ လောက်လက်နက်ချတဲ့စစ်ကြောင်းမှာ စစ်သားစစ်စစ်က ၁၂ ယောက်ပဲပါတယ်။ကျန်တာတွေကပေါ်တာဆွဲခံရတဲ့ အရပ်သားတွေ”

— PDF တစ်ဦး

ဇော်ရမ်း/People’s Spring

အမှတ် (၁) စစ်​ဒေသ၏ ကွပ်ကဲမှုဖြင့် PDF နှင့် ပူး​ပေါင်းတပ်များ၏ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကခုခံရန်ပို့ဆောင်သည့်စစ်ကူများတွင်ပေါ်တာစွဲခံရသူများ အများဆုံးပါဝင်ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကပြောသည်။

တော်လှန်​ရေးတပ်များက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ထံမှသိမ်းဆည်းရရှိ​​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ

ဩဂုတ်လလယ်မှစတင်ခဲ့သော ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်ရှိတွင် စစ်ကောင်စီရဲစခန်းအပါအဝင် စခန်းနှစ်ခုသာ ကျန်ရှိပြီး တစ်မြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ချသူ ၈၀ ခန့်ရှိခဲ့ပြီး အများစုသည် ပေါ်တာဆွဲခံထားရသူများဖြစ်သည်ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“အင်အား ၈၀ လောက်လက်နက်ချတဲ့စစ်ကြောင်းမှာ စစ်သားစစ်စစ်က ၁၂ ယောက်ပဲပါတယ်။ကျန်တာတွေကပေါ်တာဆွဲခံရတဲ့ အရပ်သားတွေ” ဟု မြေပြင်တိုက်ပွဲဝင်နေသည့် PDF တစ်ဦးက​ပြောသည်။

စစ်ကောင်စီသည် အရပ်သားများအား ဖမ်းဆီးကာ ရက်အနည်းငယ်ကြာစစ်သင်တန်းပေးပြီးနောက် ရှေ့တန်းသို့ပို့ဆောင်နေခြင်းဟု လက်နက်ချသူများ၏ထုတ်ဖော်ပြောကြားချက်ကို ၎င်းကဆက်​ပြောသည်။

စက်တင်ဘာလဆန်းက တိုက်ပွဲအတွင်း ရဲစခန်း၌တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ချရန် ညှိနှိုင်းနေစဉ် ရဟတ်ယာဉ်လေးစီးဖြင့် စစ်ကူများပို့ခဲ့ပြီးနောက် တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်ဟုသိရသည်။

တော်လှန်​ရေးတပ်များက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ထံမှသိမ်းဆည်းရရှိ​​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ

“ဟတ်စကီးလေးစီးနဲ့ ရောက်လာတဲ့စစ်ကူးတွေက စစ်ကြောင်းသုံးကြောင်းခွဲလာတာ။ လမ်းကစောင့်တိုက်တာနှစ်ကြောင်းပြုတ်တယ်” ဟု ပင်လည်ဘူးမြို့အတွင်းသို့ဝင်လာမည့် စစ်ကောင်စီစစ်ကြောင်းအား ဖြတ်တောက်ရေးတာဝန်ယူထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ယမန်နေ့(စက်တင်ဘာလ ၆ရက်)က တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှု၌ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ဒဏ်ရာရရှိခဲ့ကြသည်။။

“စက်လက်နဲ့ပစ်လို့ ရဲဘော်တချို့ထိတယ်။စိုးရိမ်စရာတော့မရှိဘူး” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည်ပင်လည်ဘူးမြိုအားလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

တပ်ဖွဲ့ဝင်အင်အားနည်းနေသည့်စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်း၍ လူသစ်စု ဆောင်း နေသလို ၎င်းတို့ထိန်းချုပ်ထားသည့်မြို့နယ်များတွင် လူငယ်များအားဖမ်းဆီးခြင်း၊ ခရီးသွားအချို့အားပေါ်တာဆွဲခြင်းတို့ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook