Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်သုံ့ပမ်း ၅၀ခန့် PDFပူးပေါင်းတပ် ဖမ်းမိဟု KIA အသိပေး

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ဖမ်းမိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

တော်လှန်​ရေးတပ်များက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ထံမှသိမ်းဆည်းရရှိ​​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ဖမ်းမိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်များက ဩဂုတ်လလယ်ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပင်လည်ဘူးမြို့၌တပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းများကို စက်တင်ဘာ ၆ရက်တွင် အမှတ်(၁) စစ်ဒေသ PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူတွေများပြီး စစ်သုံ့ပမ်း အယောယ် ၅၀ ခန့်ကို PDFတပ်ဖွဲ့များ ဖမ်းမိထားသည်ဟု အသိပေးသည်။

တိုက်ပွဲသတင်းဖော်ပြရာတွင် PDFပူးပေါင်းတပ်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပြီး KIAတပ် ပါဝင်တိုက်ခိုက်နေမှုကို ဖော်ပြမထားပေ။

သို့ရာတွင် အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူး အဖြစ် KIA စစ်ဦးစီးချုပ်က တာဝန်ယူကာ စစ်ရေးဖော်ဆောင်နေပြီး ပူးပေါင်းတိုက်ပွဲဝင်နေခြင်းဖြစ်သည်။

အမှတ် (၁) စစ်​ဒေသ၏ကွပ်ကဲမှုဖြင့် PDFနှင့် ပူး​ပေါင်းတပ်များ၏ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကခုခံရန်ပို့ဆောင်သည့်စစ်ကူများတွင်ပေါ်တာစွဲခံရသူများ အများဆုံးပါဝင်ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဩဂုတ်လလယ်မှစတင်ခဲ့သော ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်ရှိတွင် စစ်ကောင်စီရဲစခန်းအပါအဝင် စခန်းနှစ်ခုသာ ကျန်ရှိပြီး တစ်မြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ယခုရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ချသူ ၈၀ခန့်ရှိခဲ့ပြီး အများစုသည် ပေါ်တာဆွဲခံထားရသူများဖြစ်သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“အင်အား ၈၀ လောက်လက်နက်ချတဲ့စစ်ကြောင်းမှာ စစ်သားစစ်စစ်က ၁၂ ယောက်ပဲပါတယ်။ကျန်တာတွေကပေါ်တာဆွဲခံရတဲ့ အရပ်သားတွေ” ဟု မြေပြင်တိုက်ပွဲဝင်နေသည့် PDF တစ်ဦးက​ပြောသည်။

စစ်ကောင်စီသည် အရပ်သားများအား ဖမ်းဆီးကာ ရက်အနည်းငယ်ကြာစစ်သင်တန်းပေးပြီးနောက် ရှေ့တန်းသို့ပို့ဆောင်နေခြင်းဟု လက်နက်ချသူများ၏ထုတ်ဖော်ပြောကြားချက်ကို ၎င်းက ဆက်​ပြောသည်။

စက်တင်ဘာလဆန်းက တိုက်ပွဲအတွင်း ရဲစခန်း၌တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ချရန် ညှိနှိုင်းနေစဉ် ရဟတ်ယာဉ်လေးစီးဖြင့် စစ်ကူများပို့ခဲ့ပြီးနောက် တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်ဟုသိရသည်။

“ဟတ်စကီးလေးစီးနဲ့ ရောက်လာတဲ့စစ်ကူးတွေက စစ်ကြောင်းသုံးကြောင်းခွဲလာတာ။ လမ်းကစောင့်တိုက်တာနှစ်ကြောင်းပြုတ်တယ်” ဟု ပင်လည်ဘူးမြို့အတွင်းသို့ဝင်လာမည့် စစ်ကောင်စီစစ်ကြောင်းအား ဖြတ်တောက်ရေးတာဝန်ယူထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စက်တင်ဘာ ၆ရက်က တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ဒဏ်ရာရရှိခဲ့ကြသည်။။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။