Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ရှိ ဟိုတယ်တစ်ခုကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းအပြင် Silver Sky Hotelကိုလည်း လေကြာင်း တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းအပြင် Silver Sky Hotelကိုလည်း လေကြာင်း တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ နေရာ ၂ခုကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၈ရက်) မနက် ၄နာရီကျော်အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အရင်တုန်းက အဲဒီဟော်တယ်ကတော့ ကိုးကန့်ဘက်က အရာရှိတချို့ အဲဒီမှာနေထိုင်တယ်။ပြီးတော့ နိုင်ငံရေးအကျဉ်းသားအချို့ကို အဲဒီမှာထိန်းသိမ်းထားတယ်တဲ့နေရာဖြစ်တယ်လို့ မြေပြင်ကတော့ သတင်းပေးပို့ထားပါတယ်။ ထိခိုက်သေဆုံးမှု အခြေအနေတော့ မသိရသေးဘူးလို့ပြောတယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က သတင်းရပြီးတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

အဆိုပါ ဗုံးကြဲလေယာဉ်သည် လားရှိုးမြို့ကို ဗုံးမကြဲမီ မူဆယ်၊နမ့်ခမ်းမြို့များအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အချို့အပေါ် ပတ်ပျံနေသည်ကို တွေ့ရကြောင်း၊ ထို့နောက် နံနက် ၄နာရီ ၄မိနစ်တိတိတွင် လားရှိုးမြို့ကို ဗုံးကြဲချခြင်းဖြစ်ကြောင်း စစ်ကောင်စီလေကြောင်းသတင်းများ လေ့လာနေသည့် ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

” တညလုံး ပတ်ပျံနေတာ။ သတိထားပြီး ကျတော်တို့ စောင့်ကြည့်နေတာ။ တောင်ကြီးက‌နေ မနက် ၁နာရီ ၃၅မှာ တက်တာ။ တရုတ်နဲ့နယ်စပ်နားအထိ ပျံတာ။ ပြီးတော့မှ လားရှိူးကို ကြဲတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ) ကျရှုံးခဲ့မှုကြောင့် စိတ်ဓာတ်ပိုင်းကျဆင်းမှု ဖြစ်ပေါ်နေသည့် အခြေအနေတွင် ရမခကို ပြန်ရရေး လေကြောင်းအားပြုပြီး ကြိုးပမ်းလာနိုင်သည်ဟု ရှမ်းမြောက် စစ်ရေးလေ့လာစောင့်ကြည်သူ တစ်ဦးဖြစ်သည့် ကိုဇော်က ပြောသည်။

“ရမခဟာ စကစရဲ့ စစ်တိုင်းအားလုံးထဲမှာ စစ်အင်အား လက်နက်အင်အား အများဆုံး ပြင်ဆင်ထားတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ ရမခ ကျရှုံးတာဟာ စစ်တိုင်းမှူးအားလုံးကို စိတ်ဓာတ် ကျစေခိုင်းလိုက်တာ ဖြစ်ပြီးနေပြည်တော်က စကစ အဖွဲ့ဝင်တွေအားလုံးကို ခြောက်လှန့်လိုက်တာပဲဖြစ်တယ်”ဟု ကိုဇော်က ပြောသည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

MNDAAက လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ပြုလုပ်နေသည့် ကာလတွင် စစ်ကောင်စီက ဩဂုတ် ၃၀ရက်နှင့် ယနေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဩဂုတ် ၃၀ရက် လေကြောင်း တိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမရှိကြောင်း MNDAAက ထုတ်ပြန်ထားပြီး ယနေ့ လေကြောင်းတိုက်ခိုက်မှု အတွင်း လူသေဆုံးထိခိုက် အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

စက်တင်ဘာ ၇ရက် အစောပိုင်းကလည်း တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦးအပါအဝင် အရပ်သား ပြည်သူ ၁၁ဦးသေဆုံးခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းရန်နှင့်ငွေညှစ်ရန် စစ်ကောင်စီ ဖမ်းဆီးသည့် လူငယ် ၈၇ ဦးရှိဟုဆို

သတင်း

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမျာအနက်နှစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

သတင်း

တောင်ခမ်း (၉၀၂)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၆၀ ထုပ်ကြဲချ ဖြည့်တင်း

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၅)မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook