Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ၊ဆိုင်​တောင်တွင် တိုက်ပွဲပြင်းထန်နေ

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင်ယနေ့(စက်တင်ဘာလ ၈ရက်)ညနေ ၃နာရီခွဲမှစ၍စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊KPDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။

မိထက်/People’s Spring

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင်ယနေ့(စက်တင်ဘာလ ၈ရက်)ညနေ ၃နာရီခွဲမှစ၍စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ KPDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။

ဆိုင်းတောင်ရွာရှိ ဟိုတယ်တစ်ခုကို စစ်ကောင်စီက စက်တင်ဘာလ ၆ရက်ညတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဟိုတယ်ဝန်ထမ်းများအပါအဝင် အရပ်သားများကိုဖမ်းဆီးထားခဲ့သည်။ ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရေး KIA က ညှိနှိုင်းခဲ့သော်လည်း မရ၍ တိုက်ပွဲဖြစ်ပွားခြင်းဟုဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကအနီးကပ်ဖြစ်ပွားနေတာပါ။ပစ်ခတ်သံတွေဆူညံနေပြီးတော့ပြင်းထန်ပါတယ်” ဟု ဒေသခံတဦးကပြောသည်။

ယခုသတင်းရေးသားနေချိန် ညနေ ၄နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်နေကြသည်။နေအိမ်များအတွင်းပုန်းခိုနေသူများ နှင့် တိုက်ပွဲနေရာအနီး ပိတ်မိနေသူများလည်းရှိကြောင်းသိရသည်။ စစ်ကောင်စီက ဟိုတယ်အားစီးနင်းနင်းမှု၌ ဖမ်းဆီးထားသူအရေအတွက်ကိုမသိရှိရသေးပေ။

“ညီမရဲ့ အစ်မလည်း ဟိုတယ်မှာ အလုပ်လုပ်နေတာ။ ပိတ်မိနေလို့ စိတ်ပူနေရပြီ” ဟု ဖားကန့်ဒေသခံတဦးကပြောသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မည်ကို ဒေသခံများကစိုးရိမ်နေသည်။ ဖားကန့်တွင် ဩဂုတ်လ ၆ရက် ၁၀နာရီခန့်၌ကလည်းစစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့်လမ်းသွားလမ်းလာနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။