Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစုနေထိုင်သည့် ဗိုလ်ချုပ်ရွာရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်သူများအား CCTV မှတ်တမ်းမှတဆင့်တွေ့ရစဥ်။

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစုနေထိုင်သည့် ဗိုလ်ချုပ်ရွာရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၁၀ရက်) နံနက် ၈နာရီခန့်က မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ ဗိုလ်ချုပ်ရွာရပ်ကွက်၊ ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်သည် ဆိုင်သွားဖွင့်ရန် နေအိမ်မှ ရွှေထည်ပစ္စည်းများအား ‌ကားပေါ်သယ်နေစဉ် သေနတ်နှင့် ဓါးများကိုင်ဆောင်လာသော မျက်နှာဖုံးစွပ်လူ ခုနစ်ဦးက AD Vanကားတစ်စီးဖြင့် ရောက်ရှိလာပြီး ခြံတံခါးအားတွန်းဖွင့်ဝင်ရောက်ကာ ရွှေထည်များအား လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွှေများထည့်ထားသည့် ခြင်းများပါသွားကြောင်း ​အဆိုပါရွှေဆိုင်ပိုင်ရှင့်နှင့် နီးစပ်သူများက ပြောသည်။

https://www.facebook.com/LuduNwayOo/videos/523573173553443

Public Service Announcement

Public Service Announcement

“ပိုင်ရှင်က ဆိုင် သုံးဆိုင်ပိုင်တယ် ပြောတယ်။ မင်္ဂလာဈေးဘက်မှာ တစ်ဆိုင်ရှိတယ် ပြောတယ်။ အခုလုပ်ခံရတာ အဲ့ဆိုင်ဖွင့်ဖို့ပြင်နေတုန်း လုပ်ခံရတယ်ပြောတယ်။ သူတို့အချင်းချင်းပြန်လိုက်နေတယ် ပြောတယ်။”ဟု Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆုံးရှုံးသွားသည့် ရွှေထည်ပစ္စည်းပမာဏအား မသိရသေးပေ။ သို့သော် စစ်ကောင်စီဝါဒဖြန့် ချန်နယ်များကမူ ရွှေဆယ်ပိဿပါသွားသည်ဟု ဖော်ပြနေသည်။

အဆိုပါဓါးပြတိုက်ခံရသည့်နေရာသည် မန္တလေးမြို့၌ သူဌေးများ၊ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစု နေထိုင်သည့်ရပ်ကွက်ဖြစ်ပြီး ဗိုလ်ချုပ်ရွာဟု လူသိများသည့်နေရာဖြစ်သည်။

မန္တလေးမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဓါးပြတိုက်လုယက်မှုများ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင် မန်းမြို့စျေးရှိ ဆယ်သန်းရွှေဆိုင်သည် ဇန်နဝါရီနှင့် မေလကနှစ်ကြိမ် ဓါးပြတိုက်ခံခဲ့ရသည်။

၂၀၂၃အတွင်းကလည်း မန္တလေးမြို့ရှိ ထက်ဝေယံရွှေဆိုင်၊ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook