Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်ညီညီအသတ်ခံရမှုဖြစ်စဥ် လူသတ်မှုအဖြစ်အမှုဖွင့်ထားပြီး တရားခံဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေဟု NUG ပြည်ထဲရေး ပြော

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၌ အသတ်ခံခဲ့သည့်ဖြစ်စဥ်အား လူသတ်မှုအဖြစ် အမှုဖွင့်ထားပြီး တရားခံဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ကျဆုံးခဲ့သော ရဲဘော်သန်းထိုက်(ခ) ကိုညီညီအား မကျဆုံးမီက တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၌ အသတ်ခံခဲ့သည့်ဖြစ်စဥ်အား လူသတ်မှုအဖြစ် အမှုဖွင့်ထားပြီး တရားခံဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာနတာဝန်ခံ၊ ရဲဘော်သန်းထိုက်(ခ)ကိုညီညီသည် သြဂုတ် ၂၇ ရက် ညနေပိုင်းက အရာတော်မြို့နယ်၊ အိုင်လျား (အိုင်သာ) ကျေးရွာနှင့် ထန်းတောကုန်းကျေးရွာကြား မြေပဲခင်းအတွင်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး အမှုဖြစ်စဥ်နှင့်ပတ်သက်သည့် အထောက်အထားအချက်အလက်များ ရယူထားကြောင်း ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

“လက်တလောအနေနဲ့ ဒီအမှုကို လူသတ်မှုအနေနဲ့ အမှုဖွင့်ထားပြီးတော့ အမှုလိုက်နိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့အခြေအနေမျိုး ရှိပါတယ်။ ဒါပေမယ့် တရားခံဖော်ထုတ်နိုင်ခြင်းကတော့ လောလောဆယ်တော့ မရှိသေးဘူး။ ဆက်လက်ပြီး ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်လို့ ကျွန်တော့်ဆီ သတင်းပို့ထားတာရှိတယ်”ဟု ဝန်ကြီးက ပြောသည်။

မြို့နယ် ပလဖ၊ ပအဖ၊ ပကဖအဖွဲ့များပူးပေါင်း၍ ရဲဘော်ညီညီ၏နာရေးအား ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ရဲဘော်သန်းထိုက်(ခ)ကိုညီညီ၏ ဖြစ်စဥ်နှင့် ၎င်းလုပ်ကြံခံရသည်ဆိုသည့်နေရာဒေသအား NUGအပါအဝင် သေဆုံးသူ၏တပ်ဖွဲ့ဖြစ်သော ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ကပင် အသိပေးထားခြင်းမရှိပေ။

ရဲဘော်ညီညီသည် စစ်ကိုင်းတိုင်းတစ်နေရာ၌ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်အချို့က ပြောသည်။

“အညာဒေသတစ်နေရာ(စစ်ကောင်စီတပ်မရှိ)တဲ့ နေရာမှာ ​သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ကိုညီညီဟာ အရင်က နိုင်ကျဉ်းတစ်ဦးဖြစ်ခဲ့တယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများဘက်က သတင်းစုံစမ်းနေဆဲဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ဖို့၊စုံစမ်းစစ်ဆေးအရေးယူပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တာဝန်အပြည့်အဝ ရှိကို ရှိပါတယ်။”ဟု တော်လှန်ရေးရဲမေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားသည်။

လက်ရှိကာလတွင် တော်လှန်ရေးတပ်ဖွဲ့များ အုပ်စိုးမှုရှိသောဒေသများ၌ လက်နက်မဲ့ပြည်သူကို လုပ်ကြံသတ်ဖြတ်မှုများ၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ၊ မကြာခဏ ဖြစ်ပွားနေပြီး တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပူးတွဲစုံစမ်းဖော်ထုတ်ခြင်းများ အားနည်းနေသည်ဟု ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

မတရားသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ဝိုင်းဝန်းကူညီပေးရန် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ကမေတ္တာရပ်ခံသည်။

မည်သူကျူးလွန်သည်ဖြစ်စေ တရားခံကို အပြစ်ရှိသည့်အတိုင်းအပြစ်ပေးအရေးယူကာ ရဲဘော်အတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွားမ​ည်ဟု ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ရဲဘော်ညီညီဖြစ်စဥ် အမှုမှန်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးကလည်း သဘောထားကြေညာချက်များ ထုတ်ပြန်ကြေညာခဲ့ကြသည်။

မန္တလေး Federal FM တည်ထောင်သူတစ်ဦးလည်းဖြစ်သည့် ရဲဘော် ညီညီသည် အာဏာမသိမ်းမီကာလတွင် မန္တလေးတိုင်း လူငယ့်ရေးရာကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လူငယ့်အရေးကိစ္စများအား အစဉ်တစိုက်ဆောင်ရွက်ခဲ့သူဖြစ်သည်။

အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့်စစ်တပ်မှ မတရားဖမ်းဆီးထောင်ချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သည်။

ထောင်မှလွတ်မြောက်လာပြီးနောက်တွင်လည်း လက်နက်ကိုင် တော်လှန်ရေးတွင် စွမ်းစွမ်းမံမံ ပါဝင်လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးလည်းဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook