Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်းတောင်ရဲစခန်းကို သိမ်းနိုင်ပြီဟု ကြားရကြောင်း KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် သိမ်းပိုက်နိုင်ပြီဟု ကြားရကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်း ကို KIA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် စခန်းကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် သိမ်းပိုက်နိုင်ပြီဟု ကြားရကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်ကို KIA/KPDF ပူးပေါင်းတပ်များက စက်တင်ဘာ ၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၆ ရက်မြောက်နေ့ မနက်တွင် ရဲစခန်းကို သိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။

“ဖားကန့် ဆိုင်းတောင်ဘက်က အခြေအနေတွေက မနေ့က တိုက်ပွဲပြင်းထန်တယ်ဆိုတာ ကြားပါတယ်။ ဒီမနက်ကတော့ ရဲစခန်းတွေကို သိမ်းတယ်ဆိုတာ ကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်းတောင်ရဲစခန်း သိမ်းပိုက်မှု တရားဝင် အကြောင်းကြားမှုမရှိသေးကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းထားဆဲဖြစ်ပြီ တိကျသည့် သတင်းများ မရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သို့​သော် ​မြေပြင်မှ စစ်​ရေးရင်းမြစ်တစ်ဦးက “ဆိုင်းတောင်ရဲစခန်း သိမ်းလိုက်ပါပြီ။ နယ်မြေရှင်းလင်းရင်း အနီးဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ လေကြောင်းသတင်းရထားလို့ အခြေအနေကြည့်နေပါတယ်”ဟု လူထု​နွေဦးသို့​ပြောသည်။

ထိုအပြင် ဒေသခံ သတင်းရင်းမြစ်အချို့ကလည်း ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က မီးရှို့ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြထားသည်။

KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအများစုကို ယခင်ကတည်းက တိုက် ခိုက်သိမ်းပိုက်ထားပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

KIA စစ်ရေးသတင်းများ ဖော်ပြနေသည့် 7Stars News ၏ ဖော်ပြချက်တွင် စက်တင်ဘာ ၁၁ရက် ညကတည်းက ဆိုင်းတောင်ရဲစခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ၊ အရှင်ဖမ်းမိသူနှင့် ထွက်ပြေးသူများ ရှိသည်ဟု​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

သတင်း

ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီနှင့် ပြည်သူ့စစ်များစိုးမိုထားသည့် ကချင်ပြည်နယ် ချီဖွေမြို့နှင့် ဆော့လောမြို့တို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညတွင် အသိပေးဖော်ပြသည်။

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

Trending

Facebook