Connect with us

Hi, what are you looking for?

သတင်း

ပန်ဝါဒေသ၌ KIAနှင့် စစ်ကောင်စီလက်အောက်ခံ ဦးစခုန်တိန့်ယိန်းတပ်များအကြား တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ လက်အောက်ခံတပ်များအကြား တိုက်ပွဲဖြစ်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ လက်အောက်ခံတပ်များအကြား တိုက်ပွဲဖြစ်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စက်တင်ဘာဒုတိယပတ်တွင် စစ်ကောင်စီ လက်အောက်ခံ ဦးစခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်ဖွဲ့များက KIA ရှိရာ ထိုးစစ်ဆင်လာနေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းအပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောပြသည်။

” ပန်ဝါဘက်က စစ်ရေးအခြေအနေကို တိတိကျကျ ပြောနိုင်လောက်တဲ့အထိ ခိုင်မာတဲ့ သတင်းတွေမရဘူး။ တိုက်ပွဲရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်မှာဖြစ်တာလဲ ဘယ်လိုပုံစံနဲ့ ဖြစ်တာလဲ ဘယ်လောက်ထိ ပြင်းထန်တဲ့ တိုက်ပွဲတွေလား အဲဒါတွေက ကျနော်တို့ အတည်ပြုပေးနိုင်တဲ့ သတင်းတွေမရှိသေးပါဘူး။ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ပန်ဝါဒေသတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) စခန်းများကို KIAနှင့် PDF ပူးပေါင်းတပ်က ဇွန်လတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဆဒုံးဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းများစွာကို သိမ်းပိုက်ရရှိထားသည်။

အဆိုပါ ထိုးစစ်မစခင် ဇွန်လ ၇ရက်ကတည်းက ဦးစခုန်တိန့်ယိန်းက KIAနှင့် PDFများကို တိုက်ခိုက်ချေမှုန်းရန် စစ်မိန့် ထုတ်ပြန်ထားသည်။ထိုသို့ စစ်မိန့်ထုတ်ပြန်ခဲ့သော်လည်း ပြည်သူ့စစ်နှင့် BGF တပ်စခန်းများ ကျရှုံးခဲ့ပြီး ထွက်ပြေးသွားသူများလည်းရှိခဲ့သည်။

အဆိုပါ စစ်မိန့်သည် မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်းလည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA ) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြီးခဲ့သည့် ၂ရက်က လူမှုကွန်ရက်၌ မှတ်ချက်ပြုရေးသားဖော်ပြသည်။ ဒုဗိုလ်ချုပ်ကြီးဂွန်မော် ထိုသို့ ရေးသားဖော်ပြသည့် အချိန်တွင် ဦးစခုန်တိန့်ယိန်း တပ်များ ပန်ဝါဒေသရှိ KIAတပ်များအား ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားနေသည့် ကာလဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသည် KIA တပ်မဟာ(၇) နယ်မြေဖြစ်သည်။ KIA တပ်မဟာ (၇) နှင့် PDF ပူးပေါင်းတပ်များသည် ယခုစက်တင်ဘာပထမပတ်ကလည်း ပန်ဝါဒေသ လဂွေကျေးရွာရှိ ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။