Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေက ဒီကနေ့ (စက်တင်ဘာ ၁၃)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေက ဒီကနေ့ (စက်တင်ဘာ ၁၃)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း၊ နောက်ပြန်လှည့်မကြည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းတို့က အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းသပိတ်အင်အားစုက ၁ဝ၂၇ ဒုတိယလှိုင်းကိုထောက်ခံကြိုဆိုကြောင်းနဲ့ ၁ဝ၂၇ လှိုင်းက ပြည်သူလူထုရဲ့ အနာဂတ်၊ မျှော်လင့်ချက်လို့ဆိုကာ “1027 second wave is our future” စာသားကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ထုတ်ကုန်မှန်သမျှ ဝယ်ယူမသုံးစွဲကြဖို့ စစ်ကောင်စီထံစီးဝင်နေတဲ့ ဝင်ငွေရလမ်းတွေကို တားစီးဖြတ်တောက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

ထီးချိုင့်မြို့နယ် မောင်းကုန်းစံပြကျေးရွာရှိ တရုတ်ကုမ္ပဏီ CINCO သတ္ထစက်ရုံရှေ့မှာလည်း ဒေသခံပြည်သူတွေက တရုတ်အစိုးရဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ကမ္ဘာ့ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီကနေ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

​ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။