Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကစေခိုင်း၍ ဆိုင်းတောင်ရှိနေအိမ်များ မီးရှို့နေသူများ KIA ဖမ်းမိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

KIA ဖမ်းဆီးရမိသူများနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်းတောင်ရွာနေအိမ်များမီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၇ရက်မှစ၍ ဆိုင်းတောင်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီနပ်တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။ ရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်းတောင်ရှိ နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဖားကန့် တပ်မကုန်းမှ လက်နက်ကြီး ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၁၃ရက်တွင် ဆိုင်းတောင်ရှိ နေအိမ်များ မီးလိုက်ရှို့သူများအား KIAက ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။ ၎င်းတို့သည် မီးရှို့ခြင်းအပြင် နေအိမ်ရှိပစ္စည်းများ ယူဆောင်ကြကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

” ကျနော်သူငယ်ချင်း Massage ပို့ပေးလို့ သိရတာ။ ကျနော်လည်း အသေးစိတ်ထဲထဲဝင်ဝင်တော့ မသိ ဘူး။ သူငယ်ချင်းက Massage ပို့ပေးတယ် ဒီကောင်တွေပဲ။ ဒီအဖွဲ့တွေပဲ ဆိုပြီး ဓာတ်ပုံနဲ့တကွ ပြောပြလာတာ”ဟု သတင်းရင်းမြစ်က စက်တင်ဘာ ၁၃ရက်တွင် ပြောပြသည်။

ထိုသို့ဖမ်းဆီးရရှိမှု၊ ဆိုင်းတောင်ဒေသ စစ်ရေး အခြေအနေတို့နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်သည်။

ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ရန် ခိုင်းစေထားသူများအနက်မှ ၂၃ဦးကို KIA/KPDF ပူးပေါင်းတပ်က ဖမ်းမိထားကြောင်း၊ စစ်ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းက နေအိမ်များ ဖျက်ဆီးလျက်ရှိရာ မူးယစ်ဆေးသုံးစွဲသူများအား အသုံးပြု မီးရှို့ခိုင်းခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

KIA သတင်းပြန်ကြားရေးဌာန၏ စက်တင်ဘာ ၁၂ရက် ဆိုင်းတောင်တိုက်ပွဲသတင်း ဖော်ပြချက် တွင် KIA ပူးပေါင်းတပ်က ဆိုင်းတောင် စစ်ကောင်စီရဲစခန်းကိုစက်တင်ဘာ ၁၂ရက် မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်သည့်နောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရဲစခန်းသိမ်းပိုက်ထားနိုင်သော်လည်း ဆိုင်းတောင် Lucky Men ဟိုတယ်အနီးရှိ စစ်ကောင်စီတပ်သားများကို ဆက်လက် ရှင်းထုတ်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။