Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဆိုင်းတောင် တိုက်ပွဲအတွင်း ဓါးစာခံဖမ်းဆီးထားသူများမှအချို့ကိုသတ်ဖြတ်

ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည့် အရပ်သားများအနက် အချို့ကို စစ်ကောင်စီက သတ်ဖြတ်နေပြီး ရုပ်အလောင်းများကိုလည်း ကောက်ယူခွင့်မပြုကြောင်း ဒေသခံများကပြောသည်။

ဖားကန့် ဆိုင်​တောင်ရှိ Lucky Men ဟိုတယ်တွင် စစ်တပ်က ဖမ်းဆီးထားသူများကို ​ကားပါကင်အနီး ၌ ​မှောလျက်​နေ​စေသည်ကို အ​ပေါ်စီးမှ​​တွေ့ရစဥ်။ ဓါတ်ပုဲ- CJ

မိထက်/People’s Spring

ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည့် အရပ်သားများအနက် အချို့ကို စစ်ကောင်စီက သတ်ဖြတ်နေပြီး ရုပ်အလောင်းများကိုလည်း ကောက်ယူခွင့်မပြုကြောင်း ဒေသခံများကပြောသည်။

ဆိုင်းတောင်ရှိ Lucky Men ဟိုတယ်ကိုစစ်ကောင်စီတပ်က စီနင်းထားပြီး ဟိုတယ်ဝန်ထမ်းများ၊ ဧည့်သည်များအပါအဝင်အရပ်သား၂၀၀ ကျော်ကိုဖမ်းဆီးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့ဖမ်းထားတဲ့သူတွေကို ဟိုတယ်ဝင်းထဲမှာ ပစ်သတ်နေတာတွေ ရှိတယ်။ မြင်သမျှကို စနိုက်ဘာနဲ့ ပစ်နေတော့ ဘယ်သူမှကပ်မရဘူးဖြစ်နေတယ်။”ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် Lucky Men ဟိုတယ်ကို စက်တင်ဘာလ ၅ ရက်မှစ၍ စီးနင်းခဲ့ပြီး KIA နှင့် PDF များအပါအဝင် အရပ်သားများကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးထားသူများအားပြန်လွှတ်ပေးရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ညှိနှိုင်းခဲ့သော်လည်း မရ၍ စက်တင်ဘာ ၇ရက်မှစ၍ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။ ရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ကဆိုင်းတောင်ရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းက နေအိမ်များ ဖျက်ဆီးရာတွင် မူးယစ်ဆေးသုံးစွဲသူများကိုပါ မီးရှို့ခိုင်းရာ လိုက်လံဖမ်းဆီးနေကြောင်း KIAနှင့်နီးစပ်သူတစ်ဦးကပြောသည်။ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ရန် ခိုင်းစေထားသူများအနက်မှ ၂၃ဦးကို KIA/KPDF ပူးပေါင်းတပ်က ယမန်နေ့(စက်တင်ဘာလ ၁၄ရက်) ဖမ်းမိထားကြောင်း ၎င်းကပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ စက်တင်ဘာ ၁၂ရက် ဆိုင်းတောင်တိုက်ပွဲသတင်း ဖော်ပြချက် တွင် KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကိုစက်တင်ဘာ ၁၂ရက် မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်သည့်နောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည်။ ရဲစခန်းသိမ်းပိုက်ထားနိုင်သော်လည်း ဆိုင်းတောင် Lucky Men ဟိုတယ်အနီးရှိ စစ်ကောင်စီတပ်သားများကို ဆက်လက် ရှင်းထုတ်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားသည်။

“ဒီမနက်လည်းတိုက်ပွဲဖြစ်နေပါတယ်။စစ်တပ်လေကြောင်းကတော့မလာသေးဘူး” ဟု KIAနှင့်နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ထားသည့် လူဦးရေစာရင်းကိုမသိရှိရသေးပေ။ ၃၀‌ ဦးထက်မနည်းသတ်ဖြတ်ခံရထားရသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ သို့​သော် People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဖမ်းဆီးခံထားရသူများတွင် အမျိုးသမီးငယ်များ၊ သတ်ကြီးရွယ်ကိုများလည်းပါဝင်နေ​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook