Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်းတောင်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ စက်တင်ဘာ ၁၆ရက်တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီက လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ် လေကြောင်းပစ်ကူသုံးတိုက်ခိုက်ခဲ့သည့် ယနေ့ ဆိုင်းတောင် Lucky Man ဟိုတယ် ဝန်းကျင် မီးလောင်နေစဉ်ကို တွေ့ရစဉ်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ စက်တင်ဘာ ၁၆ရက်တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီက လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၇ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို

Public Service Announcement

Public Service Announcement

သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်များသည် ဆိုင်းတောင်ရှိ Lucky Man ဟိုတယ်အနီး တပ်စွဲထား၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဒီမနက်ကတော့ ဟိုတယ်ကနေ ထွက်လာတဲ့ မင်းအောင်လှိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်ကြတယ်တဲ့။ ပြီးမှ နေ့လည် ၁၂နာရီခွဲလောက်မှာ သူတို့က လေယာဉ်ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံးနှစ်ခေါက်လောက်လာကြဲတယ်တဲ့။ မြန်မာစံတော်ချိန် ၂နာရီခွဲ ၃နာရီလောက်မှာ တခါပြန်ချတယ်ဆိုတော့သုံးခေါက်ပေါ့နော်။ အဲဒီလိုတော့ သတင်းရတယ်။” ဟု သတင်းရင်းမြစ်က ပြောသည်။

အခြားကချင်သတင်းရင်းမြစ်ကလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာသည်ကို သိရသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိဟု ပြောသည်။

စစ်ကောင်စီတပ်သည် ဆိုင်းတောင်ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို KIA ပူးပေါင်းတပ်က ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်ရှိ စစ်တပ်စခန်းများ ၊ တပ်စွဲရာနေရာများကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင်ဖားကန့်

ဗျူဟာကုန်း အပါအဝင် တပ်စခန်း ၆ခုသာ ရှိတော့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။

ဖားကန့် ဆိုင်းတောင် တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။