Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတွင် စစ်ကောင်စီ ခံစစ်ပြင်

ရွှေပြည်သာရပ်ကွက် နှင့်​ ကျေး​တောရွာရှိ အိမ်ထောင်စု ငါးရာခန့်ကိုစစ်တပ်က အဓမ္မ​ရွေ့​ပြောင်း

သံတွဲ မြို့နယ်ရှိ ​မော​င်​ရွှေ​လေး​ရေတပ်စခန်းကို စက်တင်ဘာ ၅ရက်တွင် AA တပ်ဖွဲ့ဝင်များအပြီးသတ်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk

မိထက်/People’s Spring

စစ်တွေမြို့အနီးရွှေပြည်သာရပ်ကွက် နှင့်​ ကျေး​တောရွာမှ ဒေသခံများကို စစ်​ကောင်စီက အတင်းအကျပ်ဖယ်ရှားပြီး ရွာအတွင်း တပ်စွဲလိုက်သည်။

ထိုနှစ်နေရာမှ ဒေသခံများကို စက်တင်ဘာလဆန်းတွင် စတင်ဖယ်ရှားခိုင်းပြီး စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြောင်းရွှေ့ခိုင်းခြင်းဖြစ်​ကြောင်း​ဒေသခံတစ်ဦးကသည်။

ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

“အကုန်မြို့ ပြေးလာကြတာ။တစ်ယောက်မှ မကျန်အောင် နှင်ထုတ်တာ။ မထွက်ချင်ဘူးပြောရင် ဖမ်းချုပ်တာ” ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ရွှေပြည်သာရပ်ကွက် နှင့်​ ကျေး​တောရွာရှိ အိမ်ထောင်စု ငါးရာခန့်မှ ဒေသခံ ၁၀၀၀၀ ကျော်သည် စစ်တွေမြို့ရှိ ဘုန်းကြီး‌ကျောင်းများ၌ ခိုလှုံနေကြရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်တွေမြို့ ၊ ဗျိုင်းဖြူ ၊ အောင်တိုင်၊ ရေချမ်းပြင် ၊ တံငါပြင်၊ ပျားလည်ချောင်း၊ ပါဒလိတ်၊ ကြွီတဲ၊ ပိုက်ဆိပ်ကြီး၊ပလ္လင်ပြင်၊ အုန်းရေဖော်၊ ကြက်တောပြင်တို့မှ ဒေသခံများကို အတင်းအကြပ်ဖယ်ရှားခဲ့သည်။

စစ်​ကောင်စီတပ်သည် အာရက္ခတပ်တော် (AA) က လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်နေသောကြောင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ရှင်းလင်းနေခြင်းဟု ဒေသခံများကပြောသည်။ AA တပ်ဖွဲ့ဝင်များ မဝင်လာစေရန်ဟုဆိုကာ စစ်တွေမြို့ ကမ်းနားတလျှောက်ကိုလည်း စစ်ကောင်စီက ခြံစည်းရိုးခတ်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ရက်က စစ်​​တွေမြို့ ၊အမြင့်ကျွန်းနှင့် ဝါဘို​ကျေးရွာကြားတွင် စစ်​ကောင်စီ စစ်ကြောင်းကို AAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး ၏စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်။

AA က ရခိုင်ပြည်နယ်တွင် ​ပေါက်​တော ၊ ​မြောက်ဦး ၊​ကျောက်​တော် ၊ မင်းပြား ၊ရ​သေ့​တောင် ၊ပုဏ္ဏားကျွန်း ၊​မြေပုံ ၊ဘူးသီး​တောင် ၊ ၊ရမ်းဗြဲ ၊ သံတွဲ စသည့်မြို့နယ်များကိုသိမ်းပိုက်ထားသည်။

​မောင်​တောမြို့နယ် နှင့် ဂွမြို့နယ်ာကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်​နေပြီး ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ် မကျန်​အောင် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မည်ဟု AA က​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။