Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့နယ်တွင် ရေစီးဖြင့်မျောပါသေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေစီးဖြင့်မျောပါသေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင် ရေကျသွားပြီးနောက် ပရဟိတအဖွဲ့အချို့က ကယ်ဆယ်ရေးလုပ်နေစဥ်။ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေစီးဖြင့်မျောပါသေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့သည်။

ယမန်နေ့ (စက်တင်ဘာ ၁၆ရက်)က ဝမ်းတွင်းမြို့နယ်၊ ရိုးစုံရွာတွင် (၄)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် (၅)နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ မိန်းကလေးမှာ မိသားစုဝင် ၆ ဦးလုံး ရေထဲမျောပါခဲ့ပြီးနောက် မိခင်တစ်ယောက်သာ အသက်ရှင်ကြောင်း၊ ၎င်းအပါအဝင် မောင်နှမ သုံးဦး၏ ရုပ်အလောင်းများသာ ရှာဖွေတွေ့ရှိထားပြီး ဖခင်နှင့် သားအကြီးဆုံးအား ရှာမတွေ့သေးကြောင်း ကူညီ​နေသူများက ပြောသည်။

“၁၁ရက်နေ့ကပဲ သေတာ။ မအေကတော့မသေဘူး။ မိခင်က ကလေးကို လှမ်း​ဆွဲသေးတယ်။ အင်္ကျီမိခင်လက်ထဲပါလာပြီး ကလေးကလွတ် သွားတာ။ သားအဖတွေ တခါတည်းပါသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေကြီး၊ရေလျှံမှုဖြစ်သည့်ဒေသများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ရေထဲမျောပါပျောက်ဆုံးမှုများရှိနေပြီး တစ်ပတ်ကြာသည်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်ဝန်းကျင်မှစ၍ နေပြည်တော်တဝိုက်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ တံတားဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူသိန်းချီရေဘေးသင့်ကာ သေဆုံးသူ ရာဂဏန်းခန့်ရှိနေသည်။ ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်