Connect with us

Hi, what are you looking for?

သတင်း

အင်းစိန် ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၈) နေ့လည် ၂ နာရီခန့်တွင် အဆိုပါအုပ်ချုပ်ရေးမှူးရုံးကို YAနှင့် အနောက်ပိုင်းခရိင် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်များ ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို အားပေးအားမြှောက်ပြုနေသည့် အုပ်ချုပ်ရေးမှူးများအား ၎င်းတို့အဖွဲ့အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု YA အသိပေးသည်။

“နောက်ထပ်ဇောင်းကြွနေသော အုပ်ကြီးများ သတိထားကြ”ဟု YA ကသတိပေးထားသည်။

Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖတို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်ကလည်း မှော်ဘီမြို့ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းဂိတ်ကင်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။