Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်၍ သီပေါဒေသခံအမျိုးသမီး ၂ဦးဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်ခဲ့၍ မိန်းကလေးငယ် တစ်ဦးနှင့် သက်ကြီးအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်ခဲ့၍ မိန်းကလေးငယ် တစ်ဦးနှင့် သက်ကြီးအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

TNLAက သီပေါမြို့နယ်၌ကျန်နေသည့် စစ်ကောင်စီတပ် ခလရ(၂၃)ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲဖော်ဆောင်နေစဉ် စစ်ကောင်စီကလည်း အရပ်သားနေထိုင်ရာ မြို့တွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၇ရက် ညနေပိုင်းက သီပေါမြို့တွင်းသို့ လက်နက်ကြီးပစ်ခတ်၍ အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းဝန်း အတွင်းနေထိုင်သည့် (၆၀)အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ ကားတစ်စီးနှင့် ကုန်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရဟု TNLAက ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီ၏ Y12 လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပန်တိမ်တောင် (မြောက်)ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ စျေးရောင်းနေသည့် (၁၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး လည်ပင်းဗုံးစထိမှန် ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က တိုက်လေယာဉ်၊ Y12 လေယာဉ်များသုံးပြီး သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့တွင်းလူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ဟု TNLAက ထုတ်ပြန်သည်။

TNLAက သီပေါမြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေစဉ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများသုံး၍ အရပ်သားနေထိုင်ရာများသို့ တိုက်ခိုက်ခဲ့၍ ဩဂုတ် ၁ရက်နောက်ပိုင်း သီပေါမြို့နယ်ရှိ ပြည်သူ ၂၀ကျော်သေဆုံးကာ ၆၀ဦးကျော်ဒဏ်ရာရရှိထားသည်။

သီပေါမြို့အပါအဝင်တအာင်းဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook