Connect with us

Hi, what are you looking for?

သတင်း

KIA၊ PDF ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် စစ်ရေယာဥ်အုပ်စု၏ မှတ်တမ်းထွက်ပေါ်လာ

ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် စက်လက်နက်ခဲယမ်းများ၊ ရိက္ခာများဖြည့်တင်းရန် ရေကြောင်းမှလာသည့် စစ်ကောင်စီ၏ ရေယာဉ်အုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ရာ မီးလောင်နေသည့် ရေယာဉ်အချို့၏ မှတ်တမ်းရုပ်သံများကို စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် လူမှုကွန်ရက်၌ ဖော်ပြလာသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရေယာဥ် အပျက်အစီများအား တွေ့ရစဥ်

သားကြီး၊ ဟန်နွေ/People’s Spring

ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် စက်လက်နက်ခဲယမ်းများ၊ ရိက္ခာများဖြည့်တင်းရန် ရေကြောင်းမှလာသည့် စစ်ကောင်စီ၏ ရေယာဉ်အုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ရာ မီးလောင်နေသည့် ရေယာဉ်အချို့၏ မှတ်တမ်းရုပ်သံများကို စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် လူမှုကွန်ရက်၌ ဖော်ပြလာသည်။

စက်တင်ဘာ ၁၇ရက်တွင် ရွှေကူမှ ဗန်းမော်မြို့သို့လာသည့် စစ်ကောင်စီ သင်္ဘော ၇စီးအနက်၂စီးကို KIA ပူးပေါင်းတပ်က ပစ်ခတ်နှစ်မြုပ် နိုင်ခဲ့ပြီး လေးစီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ရေးသားဖော်ပြကာ တိုက်ခိုက်ဖျက်ဆီးခံရ၍ မီးလောင်ပျက်စီးနေသည့် စစ်ကောင်စီရေယာဉ်အချို့၏ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်မှ အသိပေးဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မနေ့က ပြောတဲ့ သတင်း။ အဲဒီ သတင်းတွေပါပဲ။ တစ်စီးကတော့ဗန်းမော်ရောက်သွားတယ်။ ချောဆွဲတဲ့ စစ်လှေကြီးတစ်စီးက အဲဒီ စစ်သင်္ဘောကိုဆွဲသွားတာပေါ့နော။ အဲဒီတစ်စီးပဲဗန်းမော်ရောက်တာ။ များသောအားဖြင့် စစ်လက်နက်ခဲယမ်းတွေသော်လည်းကောင်း စားသောက်ကုန်တွေ သယ်ဆောင်လာတဲ့ သင်္ဘောကတော့ များသောအားဖြင့်ပျက်စီးသွားတယ်ကြားတယ်။ ဗန်းမော်မှာ ဝင်တဲ့ တစ်စီးက ဘာသယ်ထားလဲ အတိအကျ မသိဘူးတဲ့။ သူတို့ အဲဒီလိုပြောကြတယ်။ မနေ့က ပြန်ထပ်မေးတဲ့အချိန် သူတို့ကကျနော့်ကို ဗီဒီယိုကလစ်ပို့ပေးတယ် ဒါတွေပဲတဲ့” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံပါအကြောင်းအရာကို ရှင်းပြသည်။

ဧရာ၀တီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုအား လမ်းတလျှောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရေယာဉ် ၈စီးပျက်စီးခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရွှေကူ – ဗန်းမော်အကြားတွင် ၆စီး၊ ထီးချိုင့်မြို့နယ်တွင် ၂စီးတိုက်ခိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။

စစ်ကောင်စီ၏ ဖလက်သံခွန်သင်္ဘော ၇စီးအနက် ၂စီးသည် ဒုတိယမြစ်ကျဉ်းအထက်နား၌ လက်နက်ကြီးထိမှန် နစ်မြုပ်ခဲ့ပြီး ၄စီးသည် ဗန်းမော်မြို့နယ် မြလည်ကျေးရွာအနီးတွင် လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ရေယာဉ်များအနက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် ချောဆွဲလာသည့် စက်လေ တစ်စင်းသာ ဗန်းမော်မြို့သို့ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

” ခဲယမ်းရိက္ခာတင်ဆောင်ထားသောအဓိကဖလက်သံခွန်သင်္ဘောအားလုံးကိုပစ်ခတ်ဖျက်စီးနိုင်ခဲ့ပြီး ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သော ဖလက်သံခွန်သင်္ဘောအားလုံးစုစုပေါင်း ၈စီးဖြစ်ပါသည်။.” တင်ဆောင်လာသောလက်နက်ခဲယမ်းနဲ့ရိက္ခာများအားလုံးရေထဲမျော်ပါနစ်မြုတ်သွား။ သင်္ဘောပေါ်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ရေထဲခုန်ချထွက်ပြေးသွား။ တစ်ချို့သော စကစ အလောင်းများသင်္ဘောပေါ်မီးလောင်သေးဆုံးနေတာတွေ့ရှိ။ စခအရှင်တစ်ချို့ကိုဖမ်းမိထားတာရှိကြောင်းသတင်းရရှိပါသည်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း “မြစ်ကြောင်းတလျှောက် စောင့်ပြီး တိုက်တာ။ တကယ့်မြစ်ကြောင်းတိုက်ပွဲပဲ။ ညဘက်တွေဆို ‌လှေတွေနဲ့ ကပ်ဆော်တာ။ တော်တော်လေးကို ပွဲကြီးတယ်‌ဗျ။ ကိုယ့်ဘက်ကလည်း ဒရုန်းနဲ့ ဆော်တယ်။ တစ်ချက်တည်း ၁၂ ယောက်အထိ သေတာရှိတယ်။ စစ်တပ်ကလည်းလေကြောင်းကနေလာပစ်တယ်။ အခုတော့ တစ်စီးပဲ ဗန်းမော်ကိုရောက်သွားတယ်”ဟု ပြောသည်။

စစ်ကောင်စီရေယာဥ်အုပ်စုသည် တိုက်ခိုက်ခံနေရသည့်ကာလအတွင်း ရွှေကူမြို့ဆိပ်ကမ်းတွင် သင်္ဘောများအား ပြင်ဆင်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။ သင်္ဘောများအားပြင်ဆင်နေစဉ် စစ်ကောင်စီက ရွှေကူမြို့နယ်အတွင်းကျေးရွာအချို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ရေယာဥ်အုပ်စုသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဩဂုတ်တတိယလပတ်တွင် ထွက်ခွာလာပြီး စဉ့်ကူး၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာမြို့များကိုဖြတ်ကာ ရွှေကူမြို့ရောက်ရှိလာခြင်းဖြစ်သည်။ကသာမြို့နယ်ကို ဖြတ်သန်းစဉ် စစ်ကောင်စီ၏ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်းရွာလေး၊ ကလုံနှင့် အင်းရွာတို့မှ ဒေသခံသုံးဦးသေဆုံးခဲ့သည်။

ကချင်ပြည်နယ်သို့ စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်သည့် သင်္ဘော၂စီးကို ထီးချိုင့်မြို့နယ်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်မှု သတင်းကိုရရှိထားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။

ထို့ပြင် ဗန်းမော်မြို့သို့ စစ်ကောင်စီ စစ်သင်္ဘောတစ်စီးနှင့် အဆိုပါ သင်္ဘောလုံခြုံရေးယူသည့် သံခွန်ရေယာဉ် ၂စီးသာ ဗန်းမော်မြို့သို့ ရောက်လာသည်ဟု ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ယမန်နေ့ စက်တင်ဘာ ၁၉ရက်က ဖြေကြားထားသည်။

စစ်ကောင်စီ ရေယာဉ်အုပ်စုအား တိုက်ခိုက်မှုအခြေအနေ များအားမေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမှတ်(၁)စစ်​ဒေသ ကွပ်ကဲမှုနဲ့ PDF နဲ့ မဟာမိတ်တပ်​တွေ ထိုးစစ်ဆင်​နေတဲ့စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်း​တွေကို ဒီက​နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ပြီလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် ရေဘေးသင့်အိမ်ထောင်စု ၁၈ဝကျော်အား တစ်အိမ်ထောင် လျှင် ကျပ်တစ်သိန်းစီထောက်ပံ့ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသ၏ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook