Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ (၄၂)ရပ်ကွက်အုပ်ကြီးရုံး လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Light of Union မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြောက်ဒဂုံ (၄၂)ရပ်ကွက်အုပ်ကြီးရုံးအားတွေ့ရစဥ်(ပုံအဟောင်း အသုံးပြုထားပါသည်)

ကျော်ဇော/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Light of Union မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်သားအချို့ရှိနေသော (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့ရုံး ခြံအတွင်းဘက်အထိ ဝင်အောင်ပစ်ခဲ့ပါတယ်။ အထဲမှာလူရှိတာမို့ ထိခိုက်မှုသေချာ ပေါက်ရှိနိုင်ပါတယ်”ဟု The Light of Union မြို့ ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ အဆိုပါရပ် ကွက်၏ အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် အာဏာသိမ်းကာလတလျှောက်လုံး ပြည်သူလူထုအပေါ် ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်ခြင်းကြောင့်ဖြစ်ကြောင်း စစ်ရေးတိုက်မှုနှင့်စပ်လျဥ်းပြီး ၎င်းက ဆက်ပြောသည်။

အုပ်ချုပ်ရေးမှူးရုံးအား ဗုံးပစ်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားအချို့ရုံးအတွင်းရှိနေသော်လည်း အလစ်အငိုက်ဝင်ရောက်တိုက် ခိုက်ခြင်းဖြစ်၍ ပြန်လည်ပစ်ခတ်ချိန်မရလိုက်ဘဲ ပြောက်ကျားရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က အသိပေးသည်။

“သူတို့ အငိုက်မိသွားတယ်။ လမ်းအနေအ ထားကလည်း ပစ်ပြီးတာနဲ့ တန်းချိုးကွေ့ဆိုတော့ သူတို့ပစ်ချိန်မရ။ တုန့်ပြန်မှုကတော့ ကျနော်တို့နောက်လိုက်သလိုလိုနဲ့ လမ်းတွေပိတ်ဆို့လိုက်တာမျိုးတော့ ရှိတယ်”ဟု The Light of Union မြို့ ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် တပ် သားအချို့ ထိခိုက်မှုရှိမရှိအတည်ပြုရန်မှာ ရန်ကုန်မြို့ပြ ပေါ်တွင် လုံခြုံရေးအခြေ အနေ ယခင်ထက် ပိုမိုကြပ်တည်းခက်ခဲသောကြောင့် အတိအကျမသိရသေးကြောင်း အသိပေးသည်။

The Light of Union အဖွဲ့အနေဖြင့် ယခုမှ စ တင်တည်ထောင်သော အဖွဲ့သစ်မဟုတ်ဘဲ ယခင် ၂၀၂၁ နှောင်းပိုင်း ကာလများကတည်းက မြို့ပြစစ်ဆင်ရေးများကို လုပ်ဆောင်လာခဲ့သည့် ရဲဘော်များဖြစ်ကြပြီး ကြားကာလများအတွင်း အဖမ်းဆီးခံရမှုများ ၊ စကစ၏ ပြင်းထန်သော ထိုးနှက်မှုများကြောင့် UG အဖွဲ့တစ်ဖွဲ့အနေအထားဖြင့်ဆက် လက်ရပ်တည်ရန် လူအင်အား၊ ပစ္စည်းအင် အား၊ ဘက်ဂျက်အင်အား၊ ယိမ်းယိုင်ခဲ့ရသည်ဟု ဆိုသည်။

သို့သော် ယခုလက်ရှိတွင် အမည်သစ်ဖြင့် ပြန်လည်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန (MOD) အမြဲတမ်းဒုတိယအတွင်းဝန်ထံသို့ တိုက်ရိုက်တင်ပြ အသိပေးပြီးဖြစ်သော အဖွဲ့အစည်းတခု ဖြစ်ကာ YUA / God Hand’s Forces အဖွဲ့တာဝန်ခံ ဆရာကျောင်း၊ အညာဒေသရှိ တို့အညာတော်လှန်ရေးတပ်ဖွဲ့ အစရှိသော အဖွဲ့အစည်းများမှ ယခုလိုအမည်ပြောင်းလဲခြင်းကို သိရှိပြီးဖြစ်ကြောင်း အသိပေးထားသည်။

ယမန်နေ့ကလည်း တောင်ဒဂုံမြို့နယ် (၁၀၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှုဖြစ်ပြီး အုပ်ကြီးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။