Connect with us

Hi, what are you looking for?

သတင်း

တီးတိန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ပုဂ္ဂလိကဘဏ်အချို့ကိုဖောက်ထွင်းခဲ့ဟု PDF ဇိုလဲန်းထံ အလင်းဝင်လာသည့် စစ်သားပြော

ခလရ(၂၆၈)တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး လိုချင်သည်များ ယူဆောင်ဟု ရှင်းပြ

အလင်းဝင်လာသည့် ခလရ(၂၆၉)တပ်ရင်းမှ တပ်သား ဟိန်းထက်ကိုကို။ ဓာတ်ပုံ - PDF ဇိုလဲန်း

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်သားများက ပုဂ္ဂလိကဘဏ်အချို့ကို ဖောက်ထွင်းခြင်း၊ဖုန်းဆိုင်များကို ဖောက်ထွင်းခြင်းနှင့် နေအိမ်များရှိ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ် PDF-Zoland(ဇိုလဲန်း)တပ်ဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဟိန်းထက်ကိုကိုက ပြောပြသည်။

တီးတိန်အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သား ဟိန်းထက်ကိုကိုသည် စက်တင်ဘာ ၁၉ရက်တွင် စက်သေနတ် ၂လက် ၊ ကျည်များ ယူဆောင်ပြီး PDF ဇိုလဲန်းထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

PDF Zolandက အလင်းဝင်လာသည့် စစ် ကောင်စီခလရ(၂၆၉)မှ တပ်သား ဟိန်းထက် ကိုကိုအား မေးမြန်းမှုပြုလုပ်ခဲ့မှုကို ယမန်နေ့ စက်တင်ဘာ ၂၂ရက်ညပိုင်း၌ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ မေလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့်

Public Service Announcement

Public Service Announcement

တီးတိန်မြို့တိုက်ပွဲအကြောင်း ပြောပြခဲ့သည်။

PDF ဇိုလဲန်းနှင့် မဟာမိတ်များက မေလ ၂၇ရက် တွင်း တီးတိန်ရှိ စစ်ကောင်စီတပ်စခန်းနေရာအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များစွာကို မီးရှို့ခဲ့သည်။

တီးတိန်တိုက်ပွဲတွင် ပြည်သူလူထုဆိုင်ကယ်များ၊ ဆန်အိတ်၊ ဆီပုံး၊ လက်ပ်တော့များကို ယူဆောင်ပြီး ပြည်သူများကို ရိုက်နှက်နှိပ်စက်မှုရှိခဲ့ကြောင်း တပ်သားဟိန်းထက်ကိုကိုက ပြောပြသည်။

“သူတို့လိုချင်တဲ့ပစ္စည်းကုန်သွားပြီဆိုရင် အိမ်ကို မီးရှို့ပစ်လိုက်တယ်။” ဟု ၎င်းက ပြောသည်။

ထိုသို့ မီးရှို့ပြီးပါက အဆိုပါ အိမ်များမှနေပြီးတော်လှန်ရေးရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့များကိုပစ်ခတ်သည်ဟု အပုပ်ချခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

မီးရှို့သွားသည့်တပ်မှာ ရန်ကုန်တိုင်းမှော်ဘီမြို့နယ်အခြစိုက် ခမရ(၇၀၃)တပ်ရင်းဖြစ်ပြီး အင်အား ၄၀ ခန့်ရှိကြောင်း ပြောသည်။

(၇၀၃)တပ်ရင်းသည် ပုဂ္ဂလိက ဘဏ်နှင့်အချို့ကို ဖောက်ထွန်းခဲ့သည်ဟု ၎င်းက ပြောသည်။

မည်သည့်ဘဏ်ကို ဖောက်ထွင်းသည်ဆိုသည်ကို အမေးအဖြေ၌ ထည့်သွင်း ဖြေကြားခြင်းမရှိပေ။

ထို့အပြင် ဖုန်းဆိုင်များကို ခလရ(၂၆၉)က ဖောက်ထွင်းခဲ့ကြောင်း၊ ရဲများနှင့် အတူ ဖောက်ထွင်းကာ ဖုန်းများ၊ ပါဝါဘဏ်များနားကြပ်များ လိုချင်သည်များကို ယူဆောင်ခဲ့ကြောင်းတပ်သား ဟိန်းထက်ကိုကိုက ပြောပြသည်။

(၇၀၃)တပ်သည် တွန်းဇံတိုက်ပွဲမှ ထွက်ပြေးလာသူများဖြစ်ပြီး ဇိုမီးတပ် ZRAက ကြိုဆိုပို့ဆောင်လာသူဖြစ်သည်ဟု ပြောသည်။

အဆိုပါ ဇိုမီးတပ်ZRAကို စစ်ကောင်စီက လက်နက်အချို့နှင့် ခဲယမ်းများ ပေးအပ်ခဲ့သည်ကို တွေ့ရကြောင်း ပြောပြသည်။

ထို့ပြင် တွန်းဇံနှင့် တီးတိန်အကြား တံတားဖျက်ဆီးရာတွင်လည်း ZRAတပ်များ စစ်ကောင်စီနှင့်အတူ ပါဝင်ခဲ့သည်ဟုဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် စိတ်ဓာတ်မကျရန်ကိုလည်း တပ်သား ဟိန်းထက်ကိုကိုက ပြောကြားခဲ့ပြီး မကြာမီတော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ အားလုံးကြိုးစားကြရန်နှင့် အားတင်းထားကြရန်လည်း တပ်သားဟိန်းထက်ကိုကိုက တိုက်တွန်းသည်။

PDF ဇိုလဲန်း တပ်ဖွဲ့သည် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး မတူပီ မြို့သိမ်းတိုက်ပွဲ၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၊ တီးတိန်မြို့ပေါ်တိုက်ပွဲများ၌ ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။