Connect with us

Hi, what are you looking for?

သတင်း

၂၀၂၄ ပထမနှစ်ဝက် ထိုင်းမှာ မြန်မာတွေ ကွန်ဒို ဝယ်ယူမှုက ၂၀၂၃ တစ်နှစ်လုံးစာထက် ပိုများ

စစ်​ကောင်စီက မြန်မာနိုင်ငံသား​တွေထိုင်းမှာကွန်ဒိုဝယ်ယူမှုကို ကန့်သတ်တင်းကြပ်ထားတဲ့ကြားကပဲ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း ထိုင်းက ကွန်ဒိုတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၂၃ တစ်နှစ်လုံးစာထက် ပိုများခဲ့ကြောင်း သိရပါတယ်။

ထိုင်း အိမ်ရာ အ​ရောင်းပြပွဲတစ်ခုကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဘန်​ကောက်ပို့စ်

စစ်​ကောင်စီက မြန်မာနိုင်ငံသား​တွေထိုင်းမှာကွန်ဒိုဝယ်ယူမှုကို ကန့်သတ်တင်းကြပ်ထားတဲ့ကြားကပဲ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း ထိုင်းက ကွန်ဒိုတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၂၃ တစ်နှစ်လုံးစာထက် ပိုများခဲ့ကြောင်း သိရပါတယ်။

၂၀၂၃ ခုနှစ်ဟာ ထိုင်းမှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု အများဆုံး နှစ်အဖြစ် စံချိန်တင်ထားခဲ့ပေမယ့် အခုနှစ်မှာတော့ ပထမ ၆ လ အတွင်းမှာတင် အဲဒီ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ရောင်းဝယ်မှု သတင်းအချက်အလက် စင်တာ (REIC)ရဲ့အဆိုအရ ၂၀၂၄ ပထမ နှစ်ဝက်အတွင်း ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်း၊တန်ဖိုးအားဖြင့် ဘတ် ၃.၂၄ ဘီလီယံဖိုးကို မြန်မာနိုင်ငံသားတွေဆီ လက်လွှဲပေးနိုင်ခဲ့တယ်လို့ သိရပါ်တယ်။

၂၀၂၃ တစ်နှစ်လုံးမှာတောင်မှ မြန်မာနိုင်ငံသားတွေရဲ့ကွန်ဒို ဝယ်ယူမှုဟာ စုစုပေါင်း ၅၆၄ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၃.၇ ဘီလီယံဖိုး ရှိခဲ့ပါတယ်။ ဒါ​ကြောင့် ၂၀၂၄ ပထမ​ခြောက်လအတွင်း မြန်မာက ဝယ်ယူမှုဟာ ၂၀၂၃ တစ်နှစ်လုံးထက် အခန်းအ​ရေအတွက် ၇၄ ခန်း ပိုများလာပါတယ် ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနဲ့ ကြုံအပြီး ထိုင်းကို ရွှေ့ပြောင်း အခြေချသူတွေ များပြားလာခြင်းနဲ့အတူ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှုက ၂၀၂၂ မှာ သိသိသာသာ စတင် မြင့်တက်လာတယ်လို့ ထိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲဒီနှစ်တုန်းက ထိုင်းမှာ မြန်မာတွေက ဘတ် ၂.၅၅ ဘီလီယံဖိုး ကွန်ဒို ၃၄၉ ခန်းကို ဝယ်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ တုန်းကတော့ ထိုင်းမှာ မြန်မာနိုင်ငံသားတွေအတွက် ကွန်ဒို အခန်းပေါင်း ၃၀၊ တန်ဖိုးအားဖြင့် ဘတ် ၂၇၄ သန်းဖိုးသာ ရောင်းချခဲ့ရတာနဲ့ နှိုင်းယှဉ်ကြည့်ရင် ရုတ်တရက် မြင့်တက်လာတဲ့ ရောင်းအားကို အထင်အရှား တွေ့နိုင်ပါတယ်။

REICရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် ဗီချိုင်း ဗီရတ်ကာပန်က ၂၀၂၂ ကစလို့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းရဲ့ ကွန်ဒို ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းမှာ ထိပ်ဆုံး ၁၀ နေရာ ဝင်ဆံ့လာပြီး ၂၀၂၄ ပထမနှစ်ဝက် အပြီးမှာတော့ ဝယ်ယူတဲ့ အခန်း အရေအတွက် အရရော၊ တန်ဖိုးအရပါ ဒုတိယ နေရာမှာ ရပ်တည်နေပြီလို့ ပြောပြခဲ့ပါတယ်။ မြန်မာတွေထက် ကွန်ဒိုတွေ ပိုဝယ်တဲ့ နိုင်ငံခြားသားတွေအဖြစ် တရုတ်တွေက ဦးဆောင်နေဆဲဖြစ်ပြီး နှစ်ရှည်လများ ဒုတိယ နေရာမှာ ရှိနေတဲ့ ရုရှားတွေက တတိယ နေရာကို ရောက်သွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၄ ဒုတိယ သုံးလပတ်အတွင် ထိုင်းက ကွန်ဒို ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို အာဏာသိမ်း စစ်ကောင်စီက ဖိနှိပ် ဖြိုခွင်းမှုတွေကြောင့် မြန်မာတွေဆီ ကွန်ဒိုတွေ လက်လွှဲရောင်းချနိုင်မယ့် အခြေအနေဟာ ဖြစ်သင့်တာထက် လျော့ကျခဲ့တယ်လို့ ဗီချိုင်းက ဆိုပါတယ်။

မြန်မာတွေဆီက ကွန်ဒိုဝယ်လိုအားဟာ ဆက်တိုက် တက်ရိပ်ပြနေပေမယ့် ပျမ်းမျှ နှစ်အလိုက် နှိုင်းယှဉ်မှုအရ ၂၀၂၄ ပထမ နှစ်ဝက်အတွင်း နိုင်ငံခြားသားတွေရဲ့ စုစုပေါင်း ကွန်ဒို ဝယ်ယူမှုဟာ အရေအတွက်အားဖြင့် ၆.၂ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၇.၇ ရာခိုင်နှုန်း ကျရိပ်ပြခဲ့ပြီး ပထမ ၆ လအတွင်း ကွန်ဒို ၃၃၄၂ ခန်းကို ဘတ် ၁၄.၈ ဘီလီယံဖိုး ယုတ်လျော့သွားတာလို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

အကျဉ်းထောင်အနောက်ဖက် သစ်တောထဲဝင်ပြေးသွားတဲ့မြန်မာအမျိုးသားကိုလည်း ၂ နာရီခန့်အကြာ မနက် ၁၀ နာရီခန့်မှာ ဖမ်းမိခဲ့ပါတယ်။

သတင်း

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုအသိပေးမေတ္တာရပ်ခံချက်ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများသို့ ထပ်ဆင့်အသိပေးနိုင်ရန် မေတ္တာရပ်ခံသည်။

သတင်း

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင်လုပ်သားတွေ လုပ်ကိုင်နေတယ်လို့ဆိုတဲ့တိုင်တန်းချက်အရ ထိုင်း ရဲက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်စီးတာပါ။

Trending

Facebook