Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေလိုကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်စေရေး လိုလားတောင်းဆိုခဲ့သလို ဗာတီကန် နန်းတော်မှာ လာရောက်နေထိုင်စေလိုတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၂၀၁၇ ဒီဇင်ဘာလက မြန်မာနိုင်ငံခရီးစဥ်မှာ နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နဲ့​​အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-AFP

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်စေရေး လိုလားတောင်းဆိုခဲ့သလို ဗာတီကန် နန်းတော်မှာ လာရောက်နေထိုင်စေလိုတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဘရင်ဂျီ ဘာသာရေး ဂိုဏ်းဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ် တစ်ခုမှာ အသက် ၈၇ နှစ်အရွယ် ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက အာဏာသိမ်း စစ်ကောင်စီ ဖမ်းဆီးတာ ခံထားရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေလိုကြောင်း ပုဂ္ဂိုလ်ရေး သဘောထားကို ထုတ်ဖော် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ပြီးစီးခဲ့တဲ့ ၁၂ ရက်တာ အရှေ့တောင်အာရှ ခရီးစဉ် အတောအတွင်း သီးခြား ဆွေးနွေးမှု အစီအစဉ် တစ်ခုထဲမှာ ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကို ရောမမှာ လက်ခံထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဗာတီကန်မှာ လာရောက် နေထိုင်စေလိုကြောင်း ပြောကြားခဲ့တာလို့ Reuters သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု အပြီးမှာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ပြီး မမျှမတ အမိန့်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ စီရင်ချမှတ် ခံထားရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်းကြီးရဲ့ မှတ်ချက်စကားတွေဟာ စက်တင်ဘာ ၂၄ ရက်နေ့က အီတလီ သတင်းဌာန Corriere dell Seraမှာ ဖာသာ အန်တိုနီယို စပါဒါရို ရေးသားတဲ့ ဆောင်းပါးမှာ ပါရှိခဲ့တာပါ။ အဲဒီမှတ်ချက်တွေ ထည့်သွင်းရေးသားမှုကို ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်က လက်ခံ ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ဖူးပါတယ်။ ဘရင်ဂျီ ဘာသာဝင်တွေနဲ့ ဆွေးနွေး ပြောဆိုချိန်မှာ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အများကောင်းကျိုးအတွက် အားလုံးက စုပေါင်း အားထုတ်တဲ့ ဒီမိုကရေစီ ကျင့်ထုံးမျိုးကို လေးစားတန်ဖိုးထားပြီး ဂုဏ်သိက္ခာနဲ့ လူတစ်ဦးချင်းရဲ့ အခွင့်အလမ်းတွေအပေါ် အခြေခံတဲ့ ငြိမ်းချမ်းမှုမျိုးသာ ဖြစ်တည်သင့်ကြောင်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီး ချုပ်နှောင်မှုကို ခံထားရချိန် ကတည်းက ပြင်ပကမ္ဘာနဲ့ လုံးဝနီးပါး အဆက်ပြတ်နေပါတယ်။ အမည်ဖော်မပြတဲ့ သတင်းရင်းမြစ် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့် မရဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကုလသမဂ္ဂက အာဏာသိမ်း မြန်မာစစ်တပ်ဟာ အတိုက်အခံတွေနဲ့ ဆန့်ကျင်ရေး အင်အားစုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက် ရမ်းကား သတ်ဖြတ်မှုတွေကို အရှိန်မြှင့်တင်လာသလိုအဓမ္မစစ်မှုထမ်းစုဆောင်းမှုတွေကိုလည်း ပိုမို လုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီက​နေ့ ဖြစ်ပျက်​နေတာနဲ့ပတ်သက်ပြီး​တော့လည်း နှုတ်ဆိတ်​နေလို့မရဘူး ငါတို့တစ်ခုခုလုပ်ရ​မယ်လို့ လည်း ပုပ်ရဟန်းမင်းကြီးက​ပြောတယ်လို့ South China Morning Post သတင်းဌာနက​ဖော်ပြပါတယ် ။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။