Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်ရှိ လက်ကီးမန်းဟိုတယ်နှင့် ဖားကန့်ဗျူဟာစခန်းတွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာလဆန်းပိုင်းက တိုက်ပွဲကြောင့် ဆိုင်းတောင်ရွာ မီးလောင်နေသည်ကို အဝေးကမြင်ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၇ရက်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)/PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲဖြစ်နေသည့် ဖားကန့်မြို့နယ် ဆိုင်းတောင် နှင့် စစ်ကောင်စီ၏ ဖားကန့် ဗျူဟာစခန်းနေရာများ၌ ယနေ့ စက်တင်ဘာ ၂၅ရက်တွင် ပစ်ခတ်မှုများရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့တော့ လက်ကီးမန်းဟိုတယ်နားမှာ ပစ်ခတ်ကြတယ်။ လက်ကီးမန်းဟိုတယ်မှာ မီးလောင်နေတယ်။ ဒီနေ့တနေကုန် အဲဒီမှာ ပစ်နေကြတယ်။ ပြီးတော့ ဖားကန့် ဗျူဟာကုန်းဘက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်လို့ သတင်းရတယ်။ဒီနေ့တော့ အဲဒီနှစ်နေရာ ထဲမှာ သူတို့ စစ်ပွဲဖြစ်နေတယ်လို့ သတင်းရတယ်။ ဗားကန့်ဗျူဟာနဲ့ ဆိုင်းတောင် လက်ကီးမန်းဟိုတယ် မှာပေါ့အဲဒီမှာ ပစ်နေကြတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၁၂ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် ဆိုင်းတောင် မြို့လယ်ရှိ လက်ကီးမန်းဟိုတယ်နေရာကို အဓိက နေရာယူတပ်စွဲပြီး ခုခံလျက်ရှိသည်။

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်နေသည့် အပြင် လက်ကီးမန်းဟိုတယ် ဝန်ထမ်းအချို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ကချင်ဒေသစစ်ရေးသတင်းများ ဖော်ပြနေသည့် 7Stars News က ဖော်ပြသည်။ စစ်ကောင်စီသည် မူလက ဟိုတယ် အတွင်းရှိ ဝန်ထမ်းများနှင့် ဧည့်သည်များ အပါအဝင် ပြည်သူ ၂၀၀ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၇ရက်တွင် အများစု ပြန်လွတ်မြောက်လာသော်လည်း ဝန်ထမ်းအမျိုးသမီးအချို့ ကျန်နေခြင်းဖြစ်သည်ဟုဆိုသည်။

KIAပူးပေါင်းတပ်သည် ဖားကန့်ဗျူဟာစခန်းကိုလည်း စက်တင်ဘာ ၂၀ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ ၂၅ရက်တွင် ထပ်မံ၍ လက်နက်ကြီးဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် မိုးမောက်မြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနက ယမန်နေ့ညတွင် ဖော်ပြသည်။

စက်တင်ဘာ ၂၄ရက် မိုးမောက် – ဗန်းမော်လမ်း တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း KIA ပူးပေါင်းတပ်၏ ခုခံမှုကြောင့် စစ်ကောင်စီတပ် တပ်ပြန်ဆုတ်သွားရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။