Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏လက်ဝေခံ မဖြစ်ရေး နှင့် နိုင်ငံကြီးများ နိုင်ငံခြားရေးကစားကွင်း၌ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြရန် အထူးလိုအပ်​ကြောင်း NUG ယာယီသမ္မတ​ပြော

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသည်အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ ကြား၌ အမြဲလူးသာလွန်သာအောင် ကြိုးစားရသည့် အခြေအနေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးကာ နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာကို အထူးလေးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ။ ဓါတ်ပုံ-NUG

ဟန်နွေ/People’s Spring

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသည်အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ ကြား၌ အမြဲလူးသာလွန်သာအောင် ကြိုးစားရသည့် အခြေအနေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးကာ နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာကို အထူးလေးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

စက်တင်ဘာ ၂၄ရက်က ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မတကပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ နိုင်ငံတစ်ခုသည် နိုင်ငံတော် ဆိုသည့် ဂုဏ်ဒြပ်နှင့် ထိုက်တန်စွာ ရှိနေရမည်ဟုလည်း ယာယီသမ္မတက ​ပြောသည်။

“ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းက လူမျိုးအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ကိုအထူးလေးစားသလို၊ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်သော အချုပ်အခြာအာဏာကိုလည်း အထူးလေးစားကြဖို့ လိုကြောင်း ပြောကြားအပ်ပါတယ်။” ဟု ယာယီသမ္မတက ပြောကြားသည်။

ယခုကဲ့သို့ စစ်ရေး ၊ နိုင်ငံရေး များစွာ အကဲဆတ်သည့် အခြေအနေတွင် နိုင်ငံရေးအရ အကြမ်းနှင့် အနု / အမာနှင့် အပျော့ / အပူနှင့် အအေး ဆိုသည့် ဝိရောဓိများကိုသိမ်မွေ့စွာ ကိုင်တွယ်နိုင်ရေး အလေးထား လုပ်ဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ဒေသတွင်းနိုင်ငံရေး ရာသီဥတု အခြေအနေတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဦးတည်စေတာမျိုး လုံးဝ ဖြစ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ အကျိုးစီးပွားဟာ လက်တွေ့နိုင်ငံရေးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြတဲ့ ကိစ္စဖြစ်တာကြောင့်၊ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးအမြင်တွေကို လေ့လာအကဲခတ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ reality ကို ချန်လှပ်ထားလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျယ်ပြန့်တဲ့ နိုင်ငံ

တကာဆက်ဆံရေး နယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ အထူးလိုအပ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးအဖွဲ့များ အချင်းချင်းအကြား နားလည်မှု ပိုအားကောင်းလေ စစ်အုပ်စုကို အမြန်ဖယ်ရှားနိုင်ပြီး ရည်မှန်းချက် ပန်းတိုင် ရောက်ရှိမည်ဖြစ်၍ အချိတ်အဆက်မိစွာဖြင့် တော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ကောင်းအောင် အားစိုက် လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook