Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဆိုင်းတောင်ရှိ ​ဒေသခံပြည်သူနေအိမ်များထပ်မံမီးလောင်ပျက်စီးဟု KIA အသိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယမန်နေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆိုင်းတောင်ရှိ ပြည်သူအများ၏ နေအိမ်များ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆိုင်း​တောင်ရွာရှိ​နေအိမ်အချို့ မီး​လောင်​နေစဥ်။ ဓါတ်ပုံ- Laiza TV

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယမန်နေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆိုင်းတောင်ရှိ ပြည်သူအများ၏ နေအိမ်များ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖားကန့်ဆိုင်းတောင်၌တပ်စွဲရှိနေသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၂၅ရက် မနက်ပိုင်းတွင် ဆက်လက် ထိုးစစ်ဆင်ခဲ့ရာနှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန် ပစ်ခတ်ခဲ့ဟု သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် ​ဒေသခံပြည်သူလူထု နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆိုင်းတောင်၏ နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။ KIAနှင့် PDF ပူးပေါင်းတပ်သည် စက်တင်ဘာ ၂၅ ရက်တွင် ဆိုင်းတောင် လက်ကီးမန်းဟိုတယ် ရှိ စစ်ကောင်စီတပ်နှင့် ဖားကန့် ဗျူဟာစခန်းကို တိုက်ခိုက်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဆိုင်းတောင်တွင် စက်တင်ဘာ ၇ရက်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီးဆိုင်းတောင် ရဲစခန်းကို စက်တင်ဘာ ၁၂ရက်တွင်KIA ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ပြည်သူလူထုနေအိမ်များ မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆိုင်းတောင်အနီးရှိ ဖားကန့် ယူမာဒေသမှ ပြည်သူလူထုနေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

လက်ရှိတွင် ဖားကန့်မြို့ခံ အများစုက စစ်ရှောင်နေကြရသည်။ ယူမာဒေသခံ အမျိုးသမီးတစ်ဦးက ၎င်းတို့ လည်း စစ်ရှောင်ခဲ့ရ၍ မြို့အခြေအနေကို မသိရသေးကြောင်း ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်နှင့် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။