Connect with us

Hi, what are you looking for?

သတင်း

သံတွဲလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးထိခိုက်သူအများစုမှာ ကလေးငယ်နှင့်သက်ကြီးရွယ်အိုများဟု AA ပြော

အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၆ရက်မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

သံတွဲမြို့ကို စစ်​ကောင်စီဗုံးကြဲခံရပြီး​နောက် အပျက်အစီးများအား တွေ့ရစဥ် ။ဓာတ်ပုံ - AA

“အရပ်သား ပြည်သူတွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်ဆိုတာကတော့ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ”

— ခိုင်သုခ

ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၆ရက်မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

စက်တင်ဘာ ၂၆ရက် မနက် ၇နာရီ ၄၀မိနစ်တွင် စစ်ကောင်စီက သံတွဲမြို့ကို တိုက်လေယာဉ် ၂စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သံတွဲမြို့ မြို့နယ်ခန်းမနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရုံးများကို တိုက်ခိုက်ခဲ့ရာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံး တိုက်ခိုက်ခံရမှုအတွင်း စစ်ရှောင်များ သေဆုံးခဲ့ရသည်ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

‘ အဲဒီ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်အရပ်သား ပြည်သူ ၁၄ဦး သေဆုံး ပြီးတော့ ၂၅ဦးထက်မနည်း ဒဏ်ရာရတာရှိပါတယ်။ သေဆုံးသွားတဲ့ သူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအများစု ပါဝင်တယ်လို့ သိရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“အခုလို အရပ်သား ပြည်သူတွေ ခိုလှုံနေတဲ့ နေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်ဆိုတာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်တာ ဖြစ်သလို ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောကြားသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ဒုတိယပတ်အတွင်းကလည်း ပေါက်တော နှင့် မောင်တောမြို့နယ်ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့ရာ AA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အကျဉ်းသားများအပါအဝင် အကျဉ်းသားများနှင့် ပြည်သူ ၇၀ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်နယ်တွင်သာမက ၎င်းတို့ စစ်ရေးရှုံးနိမ့်ပြီး လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေဒေသများကို လေကြောင်း တိုက်ခိုက်မှုများ ယခု စက်တင်ဘာလဆန်းမှစ၍ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ သေဆုံးထိခိုက်သူ ရာချီရှိခဲ့ပြီး အများစုမှာ အရပ်သား ပြည်သူများ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။