Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် ရွှေဆိုင်တစ်ဆိုင်အပါအဝင် ၃ နေရာ ဓါးပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ၂၄ နာရီအတွင်း ရွှေဆိုင်တစ်ဆိုင်အပါအဝင် ၃ နေရာ ဓါးပြတိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

မုံရွာမြို့လယ်တနေရာအား တွေ့ရစဥ်။ဓါတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ၂၄ နာရီအတွင်း ရွှေဆိုင်တစ်ဆိုင်အပါအဝင် ၃ နေရာ ဓါးပြတိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက မုံရွာမြို့ပေါ်၊ ကျောက္ကာလမ်း၊ ခရိုင်မီးသတ်ရုံးရှေ့ရှိ မီးသတ်ရုံးအနီးက ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံခဲ့ရပြီး ဓါးပြများ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တဆိုင်လုံးနီးပါးပါသွားတယ်ကြားတယ်။”ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောကြားသည်။

ဓါးပြတိုက်ခံရသည့်ရွှေဆိုင်မှာ ရွှေမုံရွာဟုပြောဆိုနေပြီး အတည်ပြု၍ မရသေးပေ။

ထိုနေ့နံနက်ပိုင်းကပင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ချင်းတွင်းအထက်ပိုင်းမှ လာရောက်နေထိုင်သည့် မော်တော်ပိုင်လင်မယားအိမ်လည်း ဓါးပြတိုက်ခံရပြီး ဆုံးရှုံးမှုပမာဏ မသိရကြောင်း မုံရွာမြို့ခံအချို့က ပြောသည်။

အလားတူ ယမန်နေ့(စက်တင်ဘာ၂၆ရက်) နေ့လယ်၁၂ နာရီဝန်းကျင်ကလည်း မုံရွာမြို့၊သစ္စာလမ်းနှင့် မေတ္တာလမ်း၊ ခိုင်မာအလှပြင်ဆိုင်အနီးရှိ ရွှေပန်းထိမ်လုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ရွှေပန်းထိမ်လုပ်ငန်းအိမ်အား လူ ၃ ဦးဖြင့် ဓါးပြတိုက်သွားခြင်းဖြစ်ပြီး ပျူစောထီးများဖြစ်ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ဆိုသည်။

“သူတို့(စစ်ကောင်စီ)ကားတွေကောရှိတယ်။ ရှိတဲ့ကြားက တိုက်သွားတာ။ ရန်ကင်းမီးပွိုင့်နားမှာ ဘဲဥ(ယာဥ်ထိန်း)ကားလည်း ရှိတယ်ဗျာ။ လိုက်ထရပ်လို ကန်တာလို့ခေါ်တာလား အဲလိုကားမျိုးကို သံဆန်ကာပိတ်ထားတဲ့ကားကြီးလည်းရှိတယ်ဗျာ။ ဘဲဥတွေကောရဲတွေကော ရှိတယ်ဗျာ။ ပေ ၈၀ လမ်းထိပ်မှာလည်း ဒီကောင်တွေအစစ်အဆေးလုပ်နေတာ။ အဲကြားထဲကနေ တိုက်သွားတာ။”ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွှေပန်းထိမ်အိမ် ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီက တစ်မြို့လုံးအား စစ်ဆေးတင်းကြပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော်ပါသွားခဲ့သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။