Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​​ကြောင်း စစ်ကိုင်းတိုင်းကပြည်သူတွေဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး ကုလသမဂ္ဂသံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့အတွက် ထောက်ခံဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းကာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲ လုပ်ဆောင်ခဲ့ပါတယ်။

မြင်းမူမြို့နယ် ကျေးရွာတစ်ရွာမှာလည်း အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူတွေ အတူပူးပေါင်းဦးဆောင်ကာ လူထုဟောပြောပွဲနဲ့ တော်လှန်ရုပ်ရှင်ပြသပွဲ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။