Connect with us

Hi, what are you looking for?

သတင်း

လားရှိုးထိုးစစ်ဆင်ရန်ဆိုကာ မိုင်းရယ်နှင့်တန့်ယန်းသို့ စစ်‌ကောင်စီအင်အားအများအပြားပို့နေ

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန်အတွက်စစ်​ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် မိုင်းရယ်နှင့် တန့်ယန်းကို အင်အားအများအပြားပို့ဆောင်နေကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ရှိ ရမခ ကို MNDAA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များ က သြဂုတ် ၂ ရက်တွင် သိမ်းပိုက်ပြီး​နောက်​အောင်ပွဲခံစဥ်။ ဓါတ်ပုံ-MNDAA

ဇော်ရမ်း/People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန်အတွက်စစ်​ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် မိုင်းရယ်နှင့် တန့်ယန်းကို အင်အားအများအပြားပို့ဆောင်နေကြောင်း သတင်းရရှိသည်။

“မိုးကာပိတ်စစ်ကားတွေအများကြီးပဲ။မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို နေ့တိုင်း သွားနေတယ်။ လားရှိုးကို ပြန်တိုက်ဖို့ လုပ်နေတာ” ဟု ကျေးသီးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ပင်လုံ-လွိုင်လင်-လဲချား-ကျေးသီး-မိုင်းရယ်လမ်းနှင့် ကျေးသီး-မိုင်းကိုင်-နမ့်လန်-မိုင်းရယ်လမ်းတို့ကို သုံး၍ ကားများဖြင့် မြေပြင်အင်အား တိုးချဲ့နေခြင်းဟု ‌ဒေသခံများကပြောသည်။ထိုသို့အင်အားတိုး​ချဲ့​နေသည်မှာ လားရှိုး ရမခ ကျပြီး ရက်အနည်းငယ်ကတည်းကဖြစ်​သော်လည်း စစ်​ကောင်စီသည်ရှမ်း​မြောက်တွင် ဆုံးရှုံးထား​သောနယ်​မြေများကို စစ်​ကြောင်းထိုးတိုက်ခိုက်ခြင်းမရှိဘဲ ​လေ​ကြောင်းမှသာဗုံးကြဲ​နေခြင်းဖြစ်သည်။

MNDAAက ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်တွင် ရမခ အပါအဝင် လားရှိုးမြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို သင့်​တော်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းခေါင်းဆောင်က ကြုံးဝါးထားသည်။ ထို့နောက် လားရှိုးမြို့အပါအဝင်၎င်းတို့လက်လွှတ်ထားရသည့် မြို့များကိုလေကြောင်းမှ ဗုံးကြဲနေသည်။

အထူးသဖြင့် လားရှိုးမြို့ကို သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ့ ဗုံး ၇ ကြိမ်ကြဲခဲ့သဖြင့် ​ဒေသခံပြည်သူ ၃ ဦး​သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့​ကြောင်းMNDAAကထုတ်ပြန်ထားသည်။

“လားရှိုးမြို့ရော ရမခကရော ပြန်ရရေးက စစ်ကောင်စီအတွက် အရေးပါနေတယ်။ ဒါကြောင့်တိုင်းမှူးအသစ်က တော်တော်လေး အားစိုက်နေတယ် ဒီအပေါ်မှာ။ သီပေါတောင် ထပ် လက်လွှတ်ရမယ့် အခြေအနေမှာ စစ်ကောင်စီအတွက် မလွယ်ပါဘူး”ဟုရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလေ့လာသူတစ်ဦးကသုံးသပ်​ပြောကြားသည်။

သီ​ပေါမြို့ပြင်ရှိ စစ်​ကောင်စီ၏ ခမရ (၅၀၃) နှင့် ခမရ (၅၀၄)ကို TNLA က စက်တင်ဘာ ၂၇ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ပြီး သီ​ပေါတွင် စစ်​ကောင်စီတပ်မှ ခလရ ၂၃ တပ်ရင်းသာကျန်ရှိ​တော့ခြင်းကအထက်ပါပုဂ္ဂိုလ်က ဆိုလိုခြင်းဖြစ်သည်။

MNDAAက အရှေ့မြောက်တိုင်စစ်ဌာနချုပ် (ရမခ)ကို သိမ်းယူသွားပြီး​နောက် စစ်​ကောင်စီက ရမခကို မိုင်းရယ်ဗျူဟာ၌ အစားထိုးဖွင့်လှစ်သည်ဆိုကာအင်အားတိုးနေခြင်းဖြစ်သည်။

MNDAAက မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်‌ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကိုမူ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံကြောင်းစက်တင်ဘာလ ၁၈ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ထို့အပြင် ထိုးစစ်များလည်း လားရှိုးမြို့သိမ်းပြီးကတည်းက ရပ်တန့်ထားသည်။

ထို့ကြောင့် မြေပြင်မှ အင်အားတိုးနေသည့်စစ်ကောင်စီတပ်များကို MNDAAက၎င်း၏ကတိအတိုင်း မတိုက်ခိုက်ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလေ့လာသူကပြောသည်။

စစ်ကောင်စီကမူ MNDAAအပါအဝင်တော်လှန်ရေးအဖွဲ့များအားလုံးကို လက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွတ်ပြီး ပါတီ​ထောင်၍ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ​အောက်မှ စစ်​ကောင်စီ၏ ​ရွေး​​ကောက်ပွဲကို ဝင်ကြရန် စက်တင်လာလ ၂၆ရက်တွင် ကြေညာခဲ့သည်။သို့​သော်လည်းထိုသို့ ​ကြေညာပြီးနာရီပိုင်းအတွင်းမှာပင် လားရှိုးမြို့ကို စစ်​ကောင်စီကဗုံးထပ်ကြဲ ​သဖြင့် ပြည်သူ ၂ ဦး​သေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေးကြိုးစားမှုများကို အတားအဆီးဖြစ်စေကြောင်း MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။