Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံ​​ကြောင်း စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးဒေသမှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲ တရပ်ကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတရွာမှာလည်း လူငယ့်အားမာန်သပိတ်စစ်ကြောင်းနဲ့ ယင်မာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီတွေ ပူးပေါင်းကာ စစ်အာဏာရှင်ရေးသပိတ်နဲ့ ဥိီးကျော်မိုးထွန်းကို မြန်မာပြည်ရဲ့ သံအမတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ ဆက်လက်နေရာရရှိဖို့ ချီတတ်တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ် အင်အားစုက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန် ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ထောက်ခံဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုနဲ့ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ “စစ်ကောင်စီ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ၊ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ DDMSC၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။