Connect with us

Hi, what are you looking for?

သတင်း

နောင်မွန်ရွာ နှင့် လားရှိုးမြို့ဗုံးကြဲ ခံရမှုတွင် ပြည်သူ ၁ဦးဒဏ်ရာရပြီး အ​ဆောက်အအုံများပျက်စီး

စစ်ကောင်စီက စက်တင်ဘာ ၂၈ရက် မနက်အစောပိုင်းတွင် လားရှိုးမြို့နယ်၊ နောင်မွန်ရွာ နှင့် ညပိုင်းတွင် လားရှိုးမြို့ကို ထပ်မံ ဗုံးကြဲရာ ​ဒေသခံအချို့ထိ့ခိုက်ဒဏ်ရာရကြောင်း ​ဒေသခံအချို့က ပြောသည်။

လားရှိုးမြို့ တွင် စက်တင်ဘာ ၂၈ ရက်ညက ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို ​တွေ့ရစဥ်။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး FB

ဟန်နွေ/People’s Spring

စစ်ကောင်စီက စက်တင်ဘာ ၂၈ရက် မနက်အစောပိုင်းတွင် လားရှိုးမြို့နယ်၊ နောင်မွန်ရွာ နှင့် ညပိုင်းတွင် လားရှိုးမြို့ကို ထပ်မံ ဗုံးကြဲရာ ​ဒေသခံအချို့ထိ့ခိုက်ဒဏ်ရာရကြောင်း ​ဒေသခံအချို့က ပြောသည်။

စက်တင်ဘာ ၂၈ရက် မနက်အစော ၂ နာရီခွဲတွင် နောင်မွန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“နောင်မွန်ကျေးရွာမှာလည်း မနေ့က အစောပိုင်း ၂နာရီခွဲဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးက ခြေတစ်ဖက်ကျိုးသွားတယ်။ နေအိမ် လေးလုံးထက်မနည်း ထိခိုက်ပျက်စီးမှုလည်း ဖြစ်ခဲ့ပြီးသွားပြီ” ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ထိုအပြင်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့်လားရှိုးမြို့ကိုလည်း ယမန်​နေ့(စက်တင်ဘာ ၂၈)ညတွင် ဗုံးကြဲရာ ရပ်ကွက်(၈) ရပ်ကွက်ရုံးနှင့် ရုံးအနီး ကားဝပ်ရှော့ပေါ် ဗုံးသီးကျရောက်ပေါက်ကွဲကာ အပျက်အစီးများပြားခဲ့သည်။သို့​သော်လူထိခိုက်​သေဆုံခြင်းမရှိ​ကြောင်း လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး ​ဖေစ်ဘွခ်စာမျက်နှာက အသိ​ပေးထားသည်။

စစ်ကောင်စီက လက်နက်အင်အား လူအင်အားအများဆုံး အခြေချထားသည့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းသည် စစ်ကောင်စီတပ်ပိုင်းဆိုင်ရာ အရာရှိများအကြား စိတ်ဓာတ်ကျဆုံးမှုဖြစ်စေခဲ့၍ ဂုဏ်သိက္ခာ အဖက်ဆည်ရန် တပ်မိသားစုများအကြား စိတ်ဓာတ်မြင့်တင်ရေး ပြန်လည်ပြုလုပ်နိုင်ရန် ရမခတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ပြန်တိုက်ယူရန် ကြိုးပမ်းနေကြောင်း ဦးဇော်ဆန်ကသုံးသပ်သည်။

“အခု ရက်ပိုင်းအတွင်း အရပ်သား ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမြို့တွေထဲမှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ထပ်လောင်းပြီး အကြိမ်ကြိမ် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲကျူးလွန်နေတယ်လို့ပဲမြင်တယ်။” ဟုလည်း ဦးဇော်ဆန်ကပြောသည်။

ထိုသို့ တိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းနေသည့် မင်းအောင်လှိုင်အပါအဝင် ပူးပေါင်းနေသည့် စစ်ကောင်စီ အရာရှိအားလုံး တာဝန်ယူတာဝန်ခံရမည်ဟုယူဆကြောင်းလည်း ၎င်း ကပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)က စက်တင်ဘာ ၂၈ ရက်ည လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စက်တင်ဘာ ၂၈ရက် နံနက် ၂နာရီခွဲ နောင်မွန်ရွာ တိုက်ခိုက်ခံရမှု အတွင်း အရပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ဟု အသိပေးထားသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၇ရက်က လားရှိုးမြို့အား လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့သည်။ဩဂုတ်လကုန်မှ စက်တင်ဘာ ၂၇ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ဆောင်ခဲ့ရာ စုစုပေါင်း အရပ်သား ၃ဦး သေဆုံးခဲ့ပြီး ၃၈ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။