Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၇)၊ ပလရဲစခန်းနှင့် စခန်းကုန်းတစ်ခု တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း ခလရ (၁၇)၊ ပလရဲစခန်းနှင့် တိုတာဝါတိုင်စခန်းကုန်းတို့ကို လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတစ်ခုအား တိုက်ခိုက်နေစဉ်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း ခလရ (၁၇)၊ ပလရဲစခန်းနှင့် တိုတာဝါတိုင်စခန်းကုန်းတို့ကို လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုများကို စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ဆက်လုပ်ဆောင်ခဲ့ပြီး ခလရ(၁၇)တပ်ရင်းအား (၂) ကြိမ်၊ ပလရဲစခန်းအား (၆)ကြိမ်၊ တိုတာဝါတိုင်စခန်းကုန်းအား (၇)ကြိမ်၊ ခလရ(၂၈၅) တပ်ရင်းအနီးရှိ အော်သာယာဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား (၁)ကြိမ် စုစုပေါင်း (၁၆)ကြိမ် တာဝေးဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အကုန်လုံးတော့ အသေးစိတ်မသိပေမဲ့ ထိ ခိုက်တာတော့ သိရတယ်ဗျ။ ဆေးရုံမှာ တင်ထားတဲ့ဟာတွေ။ ကင်းထောက်ထဲမှာတော့ ပတ်ပြေးနေတာတွေလည်းရှိသလို မြေပေါ်လဲနေတာတွေလည်း တွေ့ရတာပေါ့”ဟု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအခြေအနေကို ပုလော(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်စခန်းများ၏ အဆောက်အဦးများနှင့် တပ်သားများ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် တုံ့ပြန်မှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။

“လက်နက်ကြီးတွေတော့ အခုထိပစ်နေတုန်းပဲ။ နေ့လယ်တုန်းက ကင်းထောက်တွေနဲ့လိုက်ကြည့်တာ လယ်ကွင်းတွေထဲမှာ (ကင်းပုန်း) ဝပ်နေကြတယ်။ အခုထိ ဝပ်နေကြတုန်းပဲ”ဟု ယမန်နေ့(စက်တင်ဘာ ၂၉ ရက်)၉ နာရီတွင် လူထုနွေဦး၏ ဆက်သွယ်မေးမြန်းချက်အား ပုလော(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိအခြေအနေတွင် တိုက်ခိုက်ခံထားရသော တပ်စစ်ခန်းများသို့ စစ်ကောင်စီက ရေ လမ်းမှတဆင့် အင်အားများထပ်မံဖြည့်တင်းနေပြီး ၎င်းတပ်စခန်းများသို့အဝင်အထွက်ပြု လုပ်နိုင်သည့် ကုန်းလမ်းပိုင်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပိတ်ဆို့ထားကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျှက်ရှိရာ စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ရှပ်ပုံကျေးရွာနှင့် ငါးမိုင်ရွာထိတွေ့တိုက်ပွဲများတွင် ပုလော-ပကဖ အဖွဲ့ဝင် (Shadow Squad)Drone တပ်ဖွဲ့မှ (၁၅) ကြိမ်ထက်မနည်း ဒရုန်းဗုံးသီးကြဲချတိုက်ခိုက်ခဲ့သေးသည်။

တိုက်ပွဲဖြစ်ပွားလျှက်ရှိသော စစ်ကောင်စီတပ်စခန်းများသည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တပ်စခန်းများဖြစ်သောကြောင့် ခရီးသွားမိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားလာပေးကြပါရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

တနသ်ာရီတိုင်း၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၈၅)တပ်ရင်းကို လက်နက်ခဲယမ်းတွေလာပို့တဲ့ စက်လှေဟာ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင်အပါအဝင် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook