Connect with us

Hi, what are you looking for?

သတင်း

ပုလောက စစ်ကောင်စီတပ်စွဲရာ နေရာ၄ခုကို တပြိုင်တည်း တိုက်ခိုက်၊ စခန်းတစ်ခုရ၊ စစ်သား ၁၅ဦးသေဟု KNLA ထုတ်ပြန်

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မတ်-၁၄၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၄ရက်မှာ တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်ခဲ့မှုကို သတင်းထုတ်ပြန်ရာ စစ်ရေးဖော်ဆောင်မှု အခြေအနေကို အခုလို အသိပေးခဲ့တာပါ။

မတ်လ ၁၁ရက်မှာ ပုလောမြို့နယ် တောင်ယာကမ်းရွာတွင်တပ်စွဲထားတဲ့ တပ်စခန်း၊ အောက်ပေါင်းရွာ ရဲစခန်း၊ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ထိုင်ထားတဲ့ လေသာတောင်၊ ပုလောမြို့ရဲစခန်းကို ကာထားတဲ့ ကာကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ပွဲတွေမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တဲ့အပြင် ဒရုန်းတပ်ဖွဲ့ရဲ့ ဒရုန်းကြီး ၂စီး၊ အောက်ပေါင်းရွာ ရဲစခန်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးပါတယ်။ တောင်ယာကမ်းတပ် စခန်းသိမ်းပိုက်မှုမှာ စစ်တပ်ထံက လက်နက် ၅လက် သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

” ကျွန်တော်တို့ KNLA Special Forces အဖွဲ့သည် တော်လှန်ရေးအောင်မြင်ရန်အတွက် စစ်ကောင်စီအဖွဲ့အား အခွင့်အရေးရသည်နှင့် အမြဲတမ်းတိုက်ခိုက်မှုများကို ဖော်ဆောင်လုပ်ကိုင်နေမည် ဖြစ်ကြောင်းပြည်သူများအား အသိပေးသလို စကစတပ်စွဲထားသည့် နေရာနှင့် အနီးတစ်ဝိုက်တွင်နေထိုင်ခြင်း မပြုရန် ပြည်သူများအား ထပ်မံ အသိပေးအပ်ပါသည်”လို့ ထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်အတွင်း စစ်ဆင်ရေးကို KNLA တပ်မဟာ(၄)၊ အထူးတပ်ဖွဲ့မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး KNLA တပ်ရင်း (၁၂)၊ တပ်ရင်း (၂၇)၊ KNDO တပ်ရင်း(၇) တပ်ခွဲ(၁)နဲ့ တပ်ခွဲ(၅)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို KNU မြိတ်ထားဝယ်ခရိုင်ကလည်း ပြန်လည်ဖော်ပြခဲ့ပါတယ်။

မြိတ်ထားဝယ်ခရိုင်ရဲ့ တောင်ယာကမ်းတပ် စခန်းသိမ်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်မှာ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၆ဦးသေဆုံးကာ ၃၀ ကျော်ထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။ သိမ်းရတဲ့လက်နက်ခဲယမ်းမှတ်တမ်းပုံတွေကိုလည်း ဖော်ပြထားပါတယ်။

ရုပ်သံ – KNLA တပ်မဟာ(၄)

ဆက်စပ်သတင်းများ

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...