Connect with us

Hi, what are you looking for?

သတင်း

ကမမောင်းမြို့မှာ စစ်မှုထမ်းစာရင်းကို BGF အကူအညီ နဲ့စစ်ကောင်စီ ကောက်ခံနေ

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင်ထဲက ကမမောင်းမြို့မှာ အမျိုးသားတွေကို စစ်မှုထမ်း ဖို့အတွက် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ စာရင်းကောက်ခံပြီး စစ်သင်တန်းပေးဖို့ စီ စဉ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင်ထဲက ကမမောင်းမြို့မှာ အမျိုးသားတွေကို စစ်မှုထမ်း ဖို့အတွက် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ စာရင်းကောက်ခံပြီး စစ်သင်တန်းပေးဖို့ စီ စဉ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ကမမောင်းမြို့ပေါ်နဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ စာရင်းကောက်ယူတာကို ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်လာတာကြောင့် ဒေသခံ အမျိုးသားတွေ လည်းတိမ်းရှောင်နေကြရတယ်လို့ ကမမောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရပ်ကွက် အလိုက် ၊ ကျေးရွာအလိုက် သတ်မှတ်ဦးရေ ပေးဖို့ ဖိအားပေးတာရှိနေတယ်လို့ သိရပါတယ်။

“တစ်ရွာကို အယောက် ၃၀ ပေးရမယ်လို့ပြောတယ်” လို့ ကမမောင်းမြို့ခံက ပြောပါတယ်။

ဖာပွန်ခရိုင်ထဲက ကမမောင်းမြို့နဲ့ ကတိုင်တိဒေသတွေမှာ BGF တပ်ရင်းဌာနချုပ်တွေ ရှိပြီး BGF အားကောင်းတဲ့ဒေသလည်းဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် BGF အကူအညီနဲ့ စစ်ကောင်စီ က စစ်မှုထမ်း စာရင်းကောက်ယူတာကို လုပ်ဆောင်နေတာကို ဒေသခံက ပြောပြပါတယ်။

ဖာပွန်ဟာ KNU တပ်မဟာ (၅) စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး ကမမောင်းမြို့ပေါ်မှာ စစ်ကောင်စီ က စစ်မှုထမ်းစာရင်းကောက်ယူနေတာကို ကြားသိရတယ်လို့ KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက အတည်ပြုပါတယ်။

ကမမောင်းမြို့ ပြည်သူလုံခြုံရေးအဖွဲ့ ဖွဲ့ဖို့အတွက် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြားဒေသခံအမျိုးသားတွေကို စာရင်းကောက်ယူနေတာကို သတင်းရရှိထားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

ဖာပွန်ဒေသမှာ စစ်ကောင်စီရဲ့ ဗျုဟာစခန်းကို KNU တပ်မဟာ (၅) က ဝန်းရံပိတ်ဆို့ထားတာကြောင့် စစ်ကူ လိုက်ဖို့အတွက် စစ်ကောင်စီတပ်က ကမမောင်းမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တပ်အင်အား စုဖွဲ့ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။