Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ် PNA ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းသည် ၎င်းနှင့် စစ်ကောင်စီ အကျိုးစီးပွားအတွက် ပအိုဝ်းဒေသခံ များကို အသုံးချနေဟု ပအိုဝ်းသတင်းရင်းမြစ်ပြော

ပအိုဝ်းပြည်သူ့စစ်(PNA) ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းသည် စစ်ကောင်စီ အလိုကျ စစ်ကောင်စီ အကျိုးစီးပွားအတွက် ပအိုဝ်းဒေသခံများကို အသုံးချနေကြောင်း ပအိုဝ်း သတင်းရင်းမြစ်အချို့က ပြောသည်။

အချိန်တိုအတွင်း PNA ဒုစစ်ဦးစီးချုပ်ဖြစ်လာပြီး PNA တွင်အာဏာအရှိဆုံးဖြစ်လာ​သောခရိုနီ ​နေဝင်းထွန်း

တပ်ဖွဲ့ဝင်သောင်းချီရှိကြောင်း အင်အားပြသခဲ့သော်လည်း စစ်သင်တန်းရက်တိုသင်တန်းတက်ထားသူများကို အသက် ၁၈ နှစ်မှ ၅၀ အတွင်းအမျိုးသားများမလာမနေရ ခေါ်၍ ယူနီဖောင်းဝတ်အင်အားပြထားခြင်းဖြစ်
အင်အားပြသခြင်းမှာခရိုနီ ​နေဝင်းထွန်းနှင့်စစ်​ကောင်စီအစီအစဥ်ဖြစ်ပြီး ၊​PNO တွင်နေဝင်းထွန်းအာဏာအရှိဆုံးဖြစ်လာရန် အစီအစဥ်ဟု​လေ့လာသူများသုံးသပ်

ဟန်​နွေ၊ရဲ​ခေါင် /People’s Spring

ပအိုဝ်းပြည်သူ့စစ်(PNA) ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းသည် စစ်ကောင်စီ အလိုကျ စစ်ကောင်စီ အကျိုးစီးပွားအတွက် ပအိုဝ်းဒေသခံများကို အသုံးချနေကြောင်း ပအိုဝ်း သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်အာဏာရှင်များနှင့် စီးပွားဖက်ဖြစ်သည့် ခရိုနီ ဦးနေဝင်းထွန်းကို PNO/PNA ဒုစစ်ဦးစီးချုပ် အဖြစ်ခန့်အပ်ရန် စစ်ကောင်စီကပင် စီမံထားခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“အဓိကက PNO ပြည်သူ့စစ်မှာ စစ်ကောင်စီ ယုံကြည်တဲ့သူက နေဝင်းထွန်းပေါ့နော်။ ဘာဖြစ်လို့လဲဆို တခြားလူမျိုးတွေက ပအိုဝ်းလူမျိုးတွေဖြစ်တဲ့အခါ အချိန်မရွေး စိတ်ပြောင်းပြီးတော့ တော်လှန်ရေးဘက် ဘက်ပြောင်းနိုင်တယ်ဆိုတဲ့ တွေးခေါ်မှုရှိတယ်ပေါ့။ ဦးနေဝင်းထွန်းက ပအိုဝ်းလူမျိုးလည်း မဟုတ်ဘူး။ စစ်ကောင်စီနဲ့လည်း ကုမ္ပဏီတွေက ဆယ်နဲ့ချီ အကျိုးစီးပွားတွေ ပူးပေါင်းယှက်နွယ်ထားတာရှိတယ်။ နေဝင်းထွန်းက သူ့အကျိုးစီးပွား ကာကွယ်ဖို့အတွက် ပအိုဝ်းလူမျိုးသုန်းသွားတာတောင် သူက လုပ်မှာ။ ပအိုဝ်းလူမျိုးသုဉ်းချင်သုဉ်းပါစေ သူ့အကျိုးစီးပွား စစ်ကောင်စီ အကျိုးစီးပွားကို ကာကွယ်ဖို့သာ အဓိက ဆိုတဲ့ အခံမျိုးကနေဝင်းထွန်းမှာရှိတယ်” ဟု ပအိုဝ်းလူငယ် ခွန်ဦးယံက ပြောသည်။

​နေဝင်းထွန်းသည် ပတ္တမြားနဂါး​ကျောက်စိမ်းကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး စစ်အုပ်စုနှင့်ပူး​ပေါင်း၍ အကျိုးအမြတ်များ​​သော ​ကျောက်စိမ်းတူး​ဖော်​ရေး ၊​ရွှေတူး​ဖော်​ရေး စ​သောစီးပွား​ရေးလုပ်ငန်းများစွာကို ပိုင်​သော ခရိုနီလုပ်ငန်းရှင်ဖြစ်သည်။

ဦးနေဝင်းထွန်းသည် စစ်ကောင်စီခိုင်းသည့်အတိုင်းလိုက်လုပ်သူဖြစ်သည်ဟု၎င်းကဆက်​ပြောသည်။ထို​ကြောင့်စစ်ကောင်စီလက်အောက်ခံ PNO/PNAသည် စစ်တင်ဘာ ၃၀ရက်က တောင်ကြီးမြို့နယ် ပေါမူရွာ၌ ပြုလုပ်သည့် သင်တန်းဆင်းပွဲ၌ အင်အား ၂၀၀၀၀(နှစ်သောင်း)ခန့် ပါဝင်သည်ဟုဆိုကာ PNO/PNAက ဓာတ်ပုံမှတ်တမ်းများထုတ်ပြန်ခဲ့သည်။ထိုသို့အင်အားပြခြင်းမှာ ​စစ်​ကောင်စီ နှင့် နေဝင်းထွန်း၏ အစီအစဥ်ဖြစ်ပြီး ၊​နေဝင်းထွန်းမှာ PNO တွင်အာဏာအရှိဆုံးဖြစ်လာရန် ဟန်ပြပွဲတစ်ခုဖြစ်​ကြောင်း​လေ့လာသူအချို့က​ပြောသည်။

“အဲဒီ လူတွေက တိုက်ရေးခိုက်ရေးအတွက် တိုက်ပွဲတိုက်နိုင်ဖို့အတွက် လေ့ကျင့်ပြီးသားလူတွေလည်းမဟုတ်ဘူး။ နောက်ပြီးတော့စစ်သားအစစ်တွေမဟုတ်ဘူး။ အသက် ၁၈နှစ်အထက် ၅၀ အောက်ကိုတစ်အိမ်တစ်ယောက် မသွားမနေရခေါ်ပြီးယူနီဖောင်းဝတ်ပြီး အင်အားပြရတဲ့ အနေအထားဖြစ်ပါတယ်။” ဟု ခွန်ဦးယံကပြောသည်။ ထိုထဲမှအချို့မှာ ၅ ရက်စစ်သင်တန်း တက်ထားပြီး ၊အချို့မှာ ၃ ရက်စစ်သင်တန်းတက်ထားသူများဖြစ်​ကြောင်းသိရသည်။

သို့​သော်စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိုပအိုဝ်းဒေသခံများအား အလှည့်ကျခေါ်ယူပြီးရှေ့တန်းပို့ခြင်း အသေခံခိုင်းခြင်းများ ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

ပအိုဝ်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “တောင်ကြီး၊ဟိုပုံး၊ရပ်စောက်နဲ့ကလောဘက်က ပအိုဝ်းရွာတွေကနေ အသက် ၁၈ နှစ်နဲ့အထက် တစ်ရွာ ၁၀ ယောက်နှုန်းခေါ်ပြီး သင်တန်းပေးတာ။ပြီးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သင်တန်းတက်ကြရတာ။သင်တန်းမှာ ပစ်ရမယ့် ကျည်ဖိုးပေးရတာ။တစ်ယောက် သုံးသောင်းခွဲ ပေးရတယ်”ဟု ပြောသည်။

အခြေခံပြည်သူ့စစ်သင်တန်းသားများသည် ရှေ့တန်း တိုက်ပွဲသို့သွားရမည်မဟုတ်ဘဲ ကိုယ့်ရပ်ရွာ ကာကွယ်ရန်သာဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့သည်ဟု ယမန်နေ့ သင်တန်းဆင်းပွဲသို့ရောက်ရှိခဲ့သူတစ်ဦးက အသိပေးသည်။

“ကံဆိုးမှ တိုက်ပွဲနဲ့ကြုံရမှာ။တကယ်လို့ တိုက်ပွဲနဲ့ကြုံလာရင် ကိုယ့်ရပ်ရွာကို ကာကွယ်ကြဖို့ ပြောတယ်။တကယ်တမ်းတော့ ပင်လောင်းဘက်က ပအိုဝ်းလူငယ် တွေလည်း အဲဒီလိုစည်းရုံးခံရပြီ ကရင်နီစစ်ဆင်ရေးမှာ သေဆုံးသွားတာတွေရှိတယ်။ပအိုဝ်းလူမျိုးတွေက ရိုးသားတာရယ် သတင်းအချက်အလက်တွေ အမှန်မသိရတာတွေကြောင့် PNO/PNA က ချုပ်ကိုင်နေနိုင်တာလို့ပဲ မြင်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ PNA စစ်ဦးစီးချုပ် ခွန်မြင့်​အောင် ဖြစ်​သော်လည်း ၊လက်​တွေ့တွင် အာဏာအများဆုံးရှိပြီးလုပ်ပိုင်ခွင့်အများဆုံး ရ​နေသူမှာဒုစစ်ဦးစီးချုပ် ​နေဝင်းထွန်းပင်ဖြစ်​ကြောင်းစစ်​ရေးအရင်းအမြစ်အချို့က​ပြောသည်။ထိုသို့ဖြစ်လာရန် စစ်​ကောင်စီက စီစဥ်ထားခြင်းဖြစ်ပြီး ​နေဝင်းထွန်းမှာ စစ်ဦးစီးချုပ် ဖြစ်လာပါကလည်း မထူးဆန်းဟုစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

“PNO ထဲမှာ ပအိုဝ်လူမျိုး​တွေဖြစ်တဲ့ အချို့လူ​တွေကို စစ်ဦးစီးချုပ်ခန့်ဖို့ ​ပြောကြတယ် ။ဒါ​ပေမယ့် စစ်​ကောင်စီလက်မခံဘူး​ပေါ့​လေ ။ဒါ​ကြောင့်ကျွန်​​တော်တို့သုံးသပ်တာက ကိုယ့်အကျိုးစီးပွားကို ​သေချင်​သေပ​စေကာကွယ်မယ့်သူ ၊ ​နောက်မျိုး​တော့ အမျိုးသား​ရေး လူမျိုး​ရေးကိုလည်းလုံးဝမစဥ်းစားပဲ ခိုင်းရင်လည်း(စစ်အာဏာရှင်ကခိုင်းပါက) လုပ်မယ့် သူတို့ (စစ်​ကောင်စီ)နဲ့လည်း စီးပွား​ရေး​တွေ အကျိုးစီးပွားဆက်နွှယ်မှု​တွေများတဲ့သူကို​ရွေးတာ​​ပေါ့ ၊အဲဒီမှာ ​နေဝင်းထွန်းသွား​တွေ့တာ​ပေါ့။ ​နေဝင်းထွန်းက​တော့ ​ငွေရရင်ပြီး​ရော ဘာမဆိုလုပ်မယ့်သူ ။အဲတာ​ကြောင့် သူအကျိုးစီးပွားကာကွယ်ဖို့ဆိုရင် ပအိုဝ်လူမျိုး​တွေ ဘယ်​လောက်​သေ​သေ ၊​နေဝင်းထွန်းကဂရုမစိုက်ဘူး။ အဲလိုနဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်လာတာဖြစ်စဥ်က”ဟု ပအိုဝ်​ဒေသမှ စစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

ယခုနှစ် သြဂုတ်တတိယပတ်ကလည်း ပင်လောင်းမြို့နယ် နောင်တရားဒေသတွင်လည်း PNO က အခြေခံစစ်သင်တန်းပေးထားသည့် ပအိုဝ်းပြည်သူများဖြင့် အင်အားပြမှုပြုလုပ်ထားသည်။

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များစွာရှိနေသော်လည်း ပအိုဝ်းပြည်သူ့စစ် PNAသည် စစ်ကောင်စီနှင့် ပေါ်ပေါ်ထင်ထင် လက်တွဲကာ စစ်ကူပေးခြင်း၊၎င်းတို့နယ်မြေ၌ ပူးတွဲစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်။

ထို့အပြင် စက်တင်ဘာ ဒုတိယပတ်ကစ၍ ပင်လောင်းမြို့နယ်ဘက်မှတဆင့် ဖယ်ခုံမြို့ကို စစ်ကောင်စီ နှင့် PNO ပူးပေါင်း၍ ထိုးစစ်ဆင်နေကာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီတပ်ပေါင်းစုဘက်မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

PNO သည် ၂၀၂၂နောက်ပိုင်းကစ၍ စစ်ကောင်စီထံမှ လက်နက်များ ရယူပြီး နောက် ဒေသတွင်း တပ်သားသစ်အဓမ္မ စုဆောင်းခဲ့သည်။ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ်ကစ၍ အပစ်ရပ်ပြီးနောက် ရှမ်းပြည်တောင်ပိုင်း၌ အထူးဒေသအဖွဲ့ (၆)အဖြစ်စစ်တပ်က သတ်မှတ်ပေးခဲ့သည်။ဟိုပုံး၊ဆီဆိုင် နှင့် ပင်လောင်းမြို့နယ်တို့တွင် PNO က ၎င်း၏ အုပ်ချုပ်ရေးယန္တရားများ ထူထောင် ကာ ဒေသခံများထံမှ လစဥ် အခွန်ကောက်ယူမှုများရှိသည်။

(အချိန်တိုအတွင်း PNA ဒုစစ်ဦးစီးချုပ်ဖြစ်လာပြီး PNA တွင်အာဏာအရှိဆုံးဖြစ်လာ​သောခရိုနီ ​နေဝင်းထွန်း နှင့် အင်အားပြပွဲမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PNO)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook