Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် ဖုန်းလိုင်းများပြတ်တောက်သည့် နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုမရှိဟု ဒေသခံပြော

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် ဖုန်းလိုင်းများပြတ်တောက် သွားသည့် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုလည်းမရှိကြောင်း အဆိုပါမြို့ဒေသ သတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၂၇ရက်က လားရှိုးမြို့မဈေးကြီးအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် ဖုန်းလိုင်းများပြတ်တောက် သွားသည့် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုလည်းမရှိကြောင်း အဆိုပါမြို့ဒေသ သတင်းရင်းမြစ်က ပြောသည်။

MNDAA အနေဖြင့် ဩဂုတ် ၃ရက်တွင် လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဆက်သွယ်ရေးဖုန်းလိုင်းများ ၊ လျှပ်စစ်မီးအပါအဝင် မြို့ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သော်လည်း ဩဂုတ် ၃၀ရက်မှစ၍ စစ်ကောင်စီက မြို့ကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ စက်တင်ဘာလကုန်ပိုင်း နောက်ဆုံးရက်များအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်အတွင်း အရပ်သား ပြည်သူ ၉ဦးထက်မနည်းသေဆုံးကာ ၅၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

MNDAA၏ ထုတ်ပြန်ချက်တွင် အရပ်သား သေဆုံးသူ သုံးဦးသာရှိပြီး ဒဏ်ရာရသူ ၄၀ကျော် ရှိကြောင်း အသိပေးထားသည်။

ထို့နောက် အောက်တိုဘာ ၁ရက်မှစ၍ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ရာ ယင်းနေ့မှစ၍ လေကြောင်း တိုက်ခိုက်မှုမလာတော့ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

ဖုန်းလိုင်းပြတ်တောက်ခြင်းနှင့်ပတ်သက်၍ MNDAAက တရားဝင် ထုတ်ပြန်ထားမှုမရှိကြောင်း ၎င်းက ဆိုသည်။

” ဖုန်းလိုင်းပြတ်တောက်ပြီးနှစ်ရက်အတွင်းတော့ စကစ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်နေပါတယ်။ ဒါကို ကြည့်ရင်တော့ အဆိုးထဲက အကောင်းပေါ့ရှင်။ Starlinkတော့ တချို့နေရာတွေမှာ သုံးလို့ရနေပါတယ်”ဟု မနော်ဖောက ပြောသည်။

ထို့အပြင် ပြည်သူအားလုံး ကောလာဟလများ မယုံကြရန်၊ အရေးပေါ် အခြေအနေများ ရှိပါက သက်ဆိုင်ရာက တရားဝင်ကြေညာမည် ဖြစ်သည်ဟုဆိုသည်။

” အခက်အခဲရှိကြတာ နားလည်ပေမဲ့ ဒီရက်ပိုင်းတော့ သည်းခံပေးကြပါ။ စစ်ဖြစ်ဖို့လည်း မရှိပါဘူးလို့ သတင်းစကား ပါးချင်ပါတယ်”ဟု မနော်ဖောက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများ မရှိပါက အကောင်းဆုံးဖြစ်ပြီး အဓိကမှာပြည်သူလူထုများ လုံခြုံရန်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် လားရှိုးမြို့အပါအဝင် ကိုးကန့်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဇူလိုင်မှ စက်တင်ဘာလကုန်အထိ သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ကြိမ်ရှိကာ ပြည်သူ ၃၁ဦး သေဆုံးခဲ့ပြီး ၉၀ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။