Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီစစ်​ကြောင်းတစ်​ကြောင်းလုံးပြုတ်ခဲ့​သော ဘုတလင်တိုက်ပွဲကို NUG ထုတ်ပြန်

ဘုတလင်တိုက်ပွဲတွင် ဗိုလ်မှူးဦးဆောင်သည့် ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း​တွင် သုံးဆယ်​ကျော်​သေဆုံပြီး ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-NUG-MOD

လူအေး/People’s Spring

ဘုတလင်တိုက်ပွဲတွင် ဗိုလ်မှူးဦးဆောင်သည့် ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း​တွင် သုံးဆယ်​ကျော်​သေဆုံပြီး ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်တွင် စစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းကို ​တော်လှန်​ရေးတပ်ဖွဲ့ တိုက်ခိုက်​အောင်ပွဲရခဲ့​​သော သတင်းကို ကာကွယ်​ရေးဝန်ကြီးဌာနကအောက်တိဘာလ ၃ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၃၀ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းအား စီပါရွာ‌ အနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခြင်း

ဖြစ်သည်ဟု သိရသည်။

နေ့လည် ၁၂နာရီ၄၃မိနစ်မှ ညနေ ၅နာရီ၄ဝမိနစ်အထိ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံး(အလောင်းရ) ပြီး လက်နက်ချအညံ့ခံသဖြင့် ဗိုလ်ကြီး နှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင်လက်

နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ဟု ​ဖော်ပြထားသည်။

“အလောင်းရတဲ့အထဲ အရာရှိတွေပါ ပါတယ်။ လွတ်နေတာက ကိုးယောက်။ ထွက်ပြေးနေတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို အောက်တိုဘာလ ၂ရက်ညနေ၂နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံး၁၀ လုံးကြဲခဲ့သည်။ ဒေသခံအများအပြားသည် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြ၍ ​ဒေသခံပြည်သူတစ်ဦးသာဒဏ်ရာနည်းငယ်ရခဲ့သည်။

ဖမ်းမိထားသူများကို စစ်သုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲဟု ဘုတလင်မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ တိုက်ပွဲစတင်ချိန်မှ ပြီးဆုံးချိန်အထိ ၄နာရီ ၅၇မိနစ်တိတိကြာခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကိုးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ကာကွယ်ရေးရဲဘော်များသည် မြေပြင်စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်နေစဉ် လေကြောင်းအန္တရာယ်ကိုပါ အန်တုတိုက်ခိုက်ခဲ့ကြရခြင်းဖြစ်သည်။

ထိုတိုက်ပွဲကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊BMT(ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF ၊မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့်အတူ တခြားမဟာမိတ်အဖွဲ့များ ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နာရီနဲ့ချီပြီး အပြတ်ဆော်ခဲ့ကြတဲ့ပွဲ။ ဒါမျိုးကိုနွှဲချင်နေတာကြာပြီ။ ဆက်နွှဲမှာ” ဟုဘုတလင်တိုက်ပွဲ ကိုယ်တိုင်ပါဝင်​ခဲ့​သော PDFတစ်ဦးကပြောသည်။

မုံရွာခရိုင် အမှတ်၂၀ တပ်ရင်း( BOB )မှ တာဝန်ရှိသူကလည်း “အထိအခိုက် နည်းနည်း နဲ့ ချေမှုန်း နိုင်တာ စည်းလုံးမှု၊ စုဖွဲ့မှု ၊ညီညွတ်မှုကြောင့်ပါပဲဗျ”ဟု ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook