Connect with us

Hi, what are you looking for?

သတင်း

ချီဖွေ – ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းအချို့ KIA ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေ – ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

၂၀၂၄ ဩဂုတ် ၁၉ ရက်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ ခမရ (၄၃၇)အား သိမ်းယူပြီး တွေ့ရသော KIA ရဲဘော်တစ်ဦး ။ဓာတ်ပုံ - The Kachin Ne

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေ – ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

ချီဖွေ – ပန်ဝါကြား (၁၁)မိုင် BGF တပ်ခွဲစခန်းကို အောက်တိုဘာ ၃ရက် နံနက် ၁၀နာရီခွဲတွင် သိမ်းနိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အဆိုပါ (၁၁) မိုင်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို KIA က သိမ်းနိုင်ခဲ့ဟု အသိပေးသည်။

အလားတူ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် တွင်လည်း ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံတပ်စခန်းအချို့ကို KIAက သိမ်းယူလိုက်ပြီး ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေဟု ရေးသားထားသည်။

“ကာကင်းတွေလည်းကျကုန်ပြီ။တကယ်တော့ ကချင်အထူးဒေသ (၁)ဟာ မကြာခင် လက်လွှတ်ရတော့မှာပါ”ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တစ်ခုတွင် ရေးသားထားသည်။

KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်သည် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေတွင် ပါဝင်သော ချီဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဆော့လောမြို့ကို ယမန်နေ့ (အောက်တိုဘာ ၂ရက်)တွင် သိမ်းပိုက်နိုင်ခဲ့သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းများနှင့် လက်နက်ခဲယမ်းများရရှိခဲ့ဟု စစ်ရေးသတင်းရင်မြစ်တစ်ဦးက အသိပေးထားသည်။

KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိသည်ဟု ပြောသည်။

ယခု ချီဖွေ-ပန်ဝါကြား စစ်ရေးအခြေအနေများကို ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။