Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ကြရန် ဆားလင်းကြီးပြည်သူများဆန္ဒပြ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်က တော်လှန်ပြည်သူများနှင့် ပူး​​​​ပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၄ရ်) လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သုည/People’s Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်က တော်လှန်ပြည်သူများနှင့် ပူး​​​​ပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၄ရက်) လှုံ့ဆော်ဆန္ဒပြခဲ့သည်။

ဆန္ဒပြပြည်သူများက “စစ်ကျွန်ဇာတ်သွင်း သန်းခေါင်စာရင်းကို ဆန့်ကျင်ကြ” စာသားကိုင်ဆောင်ပြီး စစ်ကောင်စီ ကောက်ယူနေသည့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြရန် လှုံ့ဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ပြည်သူလူထု၏ အချက်အလက်များကို ထိန်းချုပ်နိုင်ရန်နှင့် ၎င်းတို့အာဏာ ပြန်လည်တည်ဆောက်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် သန်းခေါင်စာရင်းဖြစ်သည့်အတွက် ရရာနည်းလမ်းဖြင့် ဆန့်ကျင်ကြရန်လည်း သပိတ်ဦးဆောင်သူတို့က တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဓာတ်ပုံ – လက်ပံတောင်းတောင်ပင်မသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။