Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လက်အောက်ခံ ZRA စခန်းတစ်ခုကို CDF ပူးပေါင်းတပ် သိမ်းပိုက်

ZRA တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် အသုံးအဆောက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

“ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့”

— သတင်းရင်းမြစ်တဦး

■တီးတိန်မြို့နယ်အတွင်း၌တိုက်ပွဲဆက်ဖြစ်​နေ

ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ်(ZRA)၏ တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRA တပ်ဘက်ကသေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၉ရက် နံနက်ပိုင်းတွင် ကျီခါးမြို့နှင့် တွန်းဇံမြို့အကြားရှိ မွာလ်ကွေရွာအနီး စစ်ကောင်စီစခန်းကို CDF တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ZRA တပ်ဖွဲ့ဝင် ၂ဦး၏ အလောင်းကို ရရှိခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် သေနတ် ၄လက်၊ ဒရုန်း၊ ဆိုင်ကယ်များနှင့် ကား၁စီး၊ မီးစက်၊ ခဲယမ်း ကျည်များလည်း ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အဲဒီ ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့” ဟု ၎င်းက​ပြောသည်။

ZRA သည် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ၌ လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခြင်းအပါအဝင် စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်များက ထုတ်ပြန်အသိပေးထားသည်။

ထိုအပြင် ချင်း​တော်လှန်​​ရေးတပ်များသည် ချင်းပြည်နယ်သို့အင်အားအများအပြားနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လည်း တီးတိန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

တီးတိန်မြို့နယ် သိုင်းငင်းနှင့် ကလေးမြို့ကြားရှိ မွာလ်ပီးရွာ၌ စစ်ကောင်စီတပ် ဆက်လက်တပ်စွဲနေ၍ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

“မွာလ်ပီကျေးရွာမှာပဲ စကစကအခုထိရှေ့မတိုးနိုင်သလိုနောက်လည်းမဆုတ်ဘူးပေါ့။အဲဒီရွာမှာရှိနေဆဲ” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၈ရက်နှင့် ၉ရက်များ၌ တိုက်ပွဲဆက်ဖြစ်နေပြီး ကလေးမြို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှု ရှိသည်ဟု သိရသည်။

မေလ တတိယပတ်တွင် ချင်းတောင်သို့ အင်အားအများအပြားနှင့်တက်လာသည့် အဆိုပါ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင် နှင့် ချင်းပြည်ကောင်

စီ အဖွဲ့ဝင်တော်လှန်ရေးတပ်များ အတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါဒေသ စစ်ရေးအခြေအနေများကို နှစ်ဖက်တာဝန်ရှိသူများထံ မေးမြန်းထားရာ ချင်းညီနောင်တာဝန်ရှိသူက စစ်ရေးလုံခြုံရေးအရ တိုက်ပွဲသတင်းများ လိုအပ်မှသာ သင့်တော်သည့် အချိန်၌ ထုတ်ပြန်သွားရန် သဘောတူထားသည်ဟု အသိပေးသည်။

အဆိုပါစစ်ကြောင်းသည်တီးတိန်မြို့ကိုစစ်အင်အားဖြည့်ရန်၊ ချင်းညီနောင်သိမ်းထားသည့်ဖလမ်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ဦးတည်သည်ဟု ခန့်မှန်းရကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် CDF စီးယင်း စစ်ဦးစီးချုပ် ဦးထောင်းပူက မေလနောက်ဆုံးပတ်၌ ပြောပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။