Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့မစျေး ဗုံးပေါက်

သန်းခေါင်စာရင်းကောက်ယူနေ၍ လုံခြုံရေးတိုးမြှင့်ထားချိန် စစ်ကိုင်းမြို့မစျေးအတွင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

စစ်ကိုင်းမြို့မစျေးအား တွေ့ရစဥ်။ ဓာတ်ပုံ-YP

ဇေအောင်/People’s Spring

သန်းခေါင်စာရင်းကောက်ယူနေ၍ လုံခြုံရေးတိုးမြှင့်ထားချိန် စစ်ကိုင်းမြို့မစျေးအတွင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၅ရက်) နံနက် ၆နာရီခွဲခန့်က စစ်ကိုင်းမြို့လယ်ရှိ မြို့မစျေးအတွင်း ဗုံး သုံးလုံးပေါက်ကွဲခဲ့ပြီး အနည်းငယ်ပျက်စီးမှုရှိကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့မစျေးက မှန်တွေကြွေကျသွားတယ်။ မှန်တွေကွဲထွက်သွားတယ်။ စျေးသည်တွေလည်း အကုန်သိမ်းသွားတယ်။ လူထိခိုက်မှုတော့မကြားဘူး။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကို စစ်ကိုင်း​မြို့ တဘက်ကမ်း အမရပူရမြို့နှင့် ချမ်းမြသာစည်မြို့နယ်မှပင် ကြားလိုက်ရကြောင်း ယင်းမြို့ခံအချို့က ဆိုသည်။

“နှစ်ကြိမ်က ဆက်တိုက်ပဲ။ နောက်ဆုံးတစ်လုံးက တစ်မိနစ်လောက်ကြာတော့ ထပ်ပေါက်တာ။”ဟု ချမ်းမြသာစည်မြို့ တမ္ပဝတီရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အချို့ကိုပိတ်၍ သန်းခေါင်စာရင်းကောက်ယူနေချိန်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးမပေါက်ကွဲမီကလည်း စစ်ကိုင်းမြို့ပေါ်လုံခြုံရေးထူထပ်စွာချထားခဲ့ကြောင်း စစ်ကိုင်းမြို့ခံများက ပြောသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းအား အောက်တိုဘာ ၁ရက်ကစတင် ကောက်ယူနေသော်လည်း ၎င်းတို့ထိန်းချုပ်ထားသည့်မြို့ပေါ်များ၌ပင် လုံခြုံရေးအင်အားအများအပြားဖြင့် ကောက်ယူနေရသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်တွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook