Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုလေကြောင်းတိုက်ခိုက်ဟု TNLA အသိပေး

တောင်ခမ်း (၉၀၂)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၆၀ ထုပ်ကြဲချ ဖြည့်တင်း

နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/ People’s Spring

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့သည် သီပေါနှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ရာတွင် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ဟု TNLAက အောက်တိုဘာ ၅ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက် နောင်ချိုမြို့ နယ်တိုက်ပွဲတွင် စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာသို့ Y-12 ဖြင့် (၇)ကြိမ် ဗုံး(၅၉)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဆိပ်ငွေ့ဗုံး ပါဝင်ကြောင်းဖော်ပြထားသည်။

ထိုသို့ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်၍ ထိခိုက်မှုရှိမရှိ အခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်က TNLA၏ မြို့သိမ်းတိုက်ပွဲများတွင်လည်း အဆိပ်ငွေ့ဗုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ရာ ထိုစဉ်က ရဲဘော်များ အောက်ဆီဂျင်ကျခြင်း၊ မောပန်းခြင်း အပါအဝင် အဆိင်ငွေ့ ဗုံးဒဏ်သင့်သည့် ဝေဒနာများခံစားရခဲ့ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

စစ်ကောင်စီကမူ အဆိပ်ငွေ့ဗုံး အသုံးပြုမှု မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ကရင်၊ ရှမ်းမြောက်၊ ရှမ်းတောင် ပအိုဝ်းဒေသ တိုက်ပွဲများတွင်စစ်ကောင်စီနှင့် ရင်ဆိုင်ခဲ့ဖူးသည့်တိုင်းရင်းသား တပ်ဖွဲ့များကစစ်ကောင်စီ အဆိပ်ငွေ့ဗုံး အသုံးပြု၍ ရဲဘော်များ ထိခိုက်မှု အခြေအနေကို သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ထို့အပြင် နောင်ချိုမြို့ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y-8 ဖြင့်(၇)ကြိမ် လက်နက်ခဲယမ်းများ (၆၀)ထုပ် လာရောက်ကြဲချခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

သီပေါတိုက်ပွဲအခြေအနေကို TNLAက ထုတ်ပြန်ခဲ့ရာ သီပေါ ခလရ(၂၃)တပ်စခန်းနေရာ၌ တိုက်ပွဲ ဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် သီပေါမြို့ စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းနေရာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၅)ကြိမ် ဗုံး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သီပေါမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ခုကို TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာ ခမရ(၅၀၃)နှင့် ခမရ(၅၀၄) တပ်ရင်းတို့ကို အပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း TNLA စစ်မြေပြင် သတင်းရင်းမြစ်က စက်တင်ဘာအတွင်းက အသိပေးထားသော်လည်း TNLA သတင်းပြန်ကြားရေးဌာနက တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေး။

“လက်ရှိကျွန်မတို့ရထားတဲ့ စာရင်းအရဆိုရင်တော့ သီပေါမှာရှိတဲ့ ခလရ (၂၃)ဆို တော်တော်ကိုလူဦးရေအားဖြင့်‌တော့‌ နှစ်ရာကျော်ကျော်လောက်ရှိမယ်ထင်တယ်။ တောင်းခမ်းမှာတော့ နှစ်ရာဝန်းကျင် သုံးရာထဲမှာရှိမှာဖြစ်တယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အောက်တိုဘာ ၅ရက်တွင် ပြောကြားထားသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၀၃)နှင့် ခမရ(၅၀၄) တပ်ရင်းအား စက်တင်ဘာ ၂၇ရက်တွင် TNLAက သိမ်းပိုက်ရရှိပြီဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ “အဲဒီလိုတော့ ကျွန်မဆီမှာ သတင်းတတ်လာတာမတွေ့ရသေးပါဘူး”ဟု လည်း လွေးယေဦးက ပြောသည်။

တောင်းခမ်းနှင့် သီပေါမြို့ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုပိုများသည်ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းလည်း TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။