Connect with us

Hi, what are you looking for?

သတင်း

ထိုင်ဝမ်ကို ဝန်းရံပြီး စစ်ရေးလေ့ကျင့်မှုကို တစ်ရက်အကြာမှာ တရုတ် အဆုံးသတ်

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုကို တစ်ရက် အကြာမှာပဲ တရုတ်က အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ရေး လေ့ကျင့်မှုလိုမျိုး နောက်ထပ် အလားတူ အခြေအနေတွေ ထပ်ရှိလာနိုင်သေးတယ်လို့ တရုတ်က ထိုင်ဝမ်ကို ရည်ရွယ်ပြီး သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုကို တစ်ရက် အကြာမှာပဲ တရုတ်က အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ရေး လေ့ကျင့်မှုလိုမျိုး နောက်ထပ် အလားတူ အခြေအနေတွေ ထပ်ရှိလာနိုင်သေးတယ်လို့ တရုတ်က ထိုင်ဝမ်ကို ရည်ရွယ်ပြီး သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်ဝမ် သမ္မတ လိုင်ချင်တေးဟာ အမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ထိုင်ဝမ် အနေနဲ့ အချုပ်အခြာ အာဏာကို ထိခိုက်စေမယ့် ဘယ်လို ချုပ်ကိုင် သိမ်းသွင်းမှုကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး အဲဒီ စကားကို တုံ့ပြန်တဲ့ အနေနဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ တရုတ် ရေတပ်နဲ့ လေတပ်တို့ ပူးပေါင်းပြီး ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ အင်အားအလုံးအရင်းနဲ့ စစ်ရေး လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

Joint Sword-2024Bလို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အဓိက ကွပ်ကဲခဲ့တဲ့ တရုတ် အရှေ့ပိုင်းတိုင်း စင်္ကြဒေသ စစ်ဦးစီး ဌာနက ဒါဟာ ထိုင်ဝမ်မှာ ရှိနေတဲ့ ခွဲထွက်ရေး ဝါဒီတွေကို တင်းတင်းမာမာ သတိပေးလိုက်တဲ့ နိမိတ်ပုံတစ်ခုလို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ တရုတ်အာဏာပိုင် တချို့က အလားတူ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်အနေနဲ့ အကြိမ်ကြိမ် တွေ့ကြုံလာနိုင်သေးတယ်လို့ သတိပေးခဲ့ကြပါသေးတယ်။ နိုင်ငံရေး သုတေသီတွေကတော့ ထိုင်ဝမ်ကို သိမ်းသွင်းဖို့ တရုတ်ရဲ့ အားထုတ်မှုတွေအပေါ် အတိအလင်း ရှုတ်ချခဲ့တဲ့ လိုင်ရဲ့ မိန့်ခွန်းဟာ ဘေဂျင်းမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အခု စစ်ရေးလေ့ကျင့်မှုနဲ့ ပုံစံတူ နောက်ထပ် ခြိမ်းခြောက်မှုတွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ၁၃ နာရီသာ ကြာမြင့်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်စစ်တပ်ဟာ စစ်သင်္ဘော ၁၇ စီးနဲ့ လေယာဉ် ၁၂၅ စီးကို အသုံးပြုခဲ့ကြောင်း သိရပြီး ဒါဟာ ထိုင်ဝမ်အနီးတဝိုက်မှာ တရုတ်ရဲ့ စံချိန်တင် စစ်အင်အား ဖြန့်ကျက်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ မဟာမိတ် အမေရိကန်တို့က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ ရှုတ်ချကြောင်း အသီးသီး ကြေညာခဲ့ပေမယ့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ထိုင်ဝမ်ဖက်ကနေ ခွဲထွက်ရေး၊ လွတ်လပ်ရေးစတဲ့ ရန်စမှုတွေ ထပ်တလဲလဲ ထွက်ပေါ်နေသ၍ တရုတ်ဆီက အခုလို စစ်ရေးအရ သတိပေးမှုတွေ ကြုံရမှာ ဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

တရုတ်ဟာ ရေလက်ကြား တစ်ခုသာခြားပြီး တည်ရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင်သီးခြား လွတ်လပ်စွာ ရပ်တည်မှုမျိုးကိုသာ လိုလားပြီး တရုတ်ရဲ့ ပေါင်းစည်းလိုမှုကို အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook