Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်နဲ့သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပြီး ဓမ္မဘက်တော်သား၊ ဓမ္မဝါဒီတွေကို ဂုဏ်ပြုတဲ့ တော်လှန်ဆီမီးသပိတ်ကို ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်​ပံတောင်းတောင်ဒေသသပိတ်အင်အားစုက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း “Our Ambassador Myanmars Voice” စာသားနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရုပ်ပုံပါ အင်္ကျီတွေ ဝတ်ဆင်ပြီး သံအမတ်ကြီးကို ဆက်လက်ခန့်အပ်ရေး တောင်းဆိုခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီနဲ့ ရွှေဥက္ကံ လူထုသပိတ်တို့ ပူး​ပေါင်းကာ “တော်လှန်ဆီမီး နှင့် အနာဂတ်ကို ထွန်းညှိကြ” စာသားနဲ့ ညနေဆည်းဆာသပိတ် ထွက်ရှိခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။