Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် မြင်းချင်းပျူစောထီးစခန်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

မြင်းချင်းပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့သော ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - အဖြူရောင် D.P.Y

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခန့်မှစ၍ မြင်းချင်းပျူစောထီးရွာစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ရာ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ရဲဘော် ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“လက်နက်ကမရပါဘူး။ အပြီးသက်သိမ်းနိုင်တဲ့အခြေအနေထိမရောက်ခဲ့ပါဘူး။ပွဲချိန်ကြာတာရောရဲဘော်တွေထိခိုက်တာရောကြောင့်ပြန်ဆုတ်ခွာခဲ့တာပါ။”ဟု အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မြင်းချင်းပျူစောထီးရွာသို့ စစ်ကူသွားမည့် ပန်းရံပျူစောထီးရွာမှ စစ်အုပ်စုကိုလည်း ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကူမဝင်နိုင်တော့ဘဲ လက်နက်ကြီးများဖြင့်သာ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဒီပဲယင်းမြို့နယ်ပကဖ (G1/3) ရွှေဘိုမြို့နယ် ပကဖ PDO တိုက်ခိုက်ရေးအဖွဲ့၊ မြို့နယ် PDO Drone အဖွဲ့၊ တိုက်နယ်-၂ပကဖ ၊တိုက်နယ်-၃ပကဖ၊ တိုက်နယ်-၅ ပကဖ၊ ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ အားမာန် Fixed Wings Drone အဖွဲ့ ၊ IC Fixed Wings Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့၊ နှင့် နယ်မြေခံ ပကဖ က များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများတပ်စွဲထားသည့် မြင်းချင်းပျူ‌ောထီးရွာ​ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာကလည်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးမိသားစုဝင် ၆၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့ဖူးသည်။

သို့သော် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က မြင်းချင်းပျူရွာ၌ ပြန်လည်တပ်စွဲခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက သုံးကြိမ်ထက်မနည်း ထပ်မံတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြိုနယ်၊ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တောင်ညိုရဲကင်းစခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို အလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ ကျဲချပြီးတဲ့နောက် ပျူအဖွဲ့ဝင်တဦး လက်နက်ခဲယမ်းနဲ့တကွ ထပ်မံ အလင်းဝင်လာခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရွှေဘိုမြို့နယ်၊ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ Father Donald Martin ရဲနိုင်ဝင်းအား သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသော ဒေသကာကွယ်ရေး (Local PDF) တပ်ဖွဲ့ဝင်ဆယ်ဦးကို ရွှေဘိုခရိုင်တပ်ရင်း(၅)ကဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။