Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရ

မန္တလေးမြို့လယ် စစ်ကောင်စီလုံခြုံရေးယူထားသည့် ဘဏ်များနှင့်မနီးမဝေးရှိ ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရကြောင်း မြို့ခံများက ပြောသည်။

မန္တလေးလယ်ရှိ ၇၈ လမ်းပေါ် တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့လယ် စစ်ကောင်စီလုံခြုံရေးယူထားသည့် ဘဏ်များနှင့်မနီးမဝေးရှိ ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ဓါးထိုးခံရကြောင်း မြို့ခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၇ရက်)သီတင်းကျွတ်လပြည့်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ကိုလေးကားပစ္စည်းဆိုင်ဓားပြ တိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အိမ်ရှင်အမျိုးသမီးမှာ လည်ပင်းနှင့်လက် ဓားဒဏ်ရာ ရရှိသွားသည်ဟု မန္တလေးမြေပြင်အခြေအနေ ဖော်ပြနေသည့် Voice Of Mandalay စာမျက်နှာက အသိပေးသည်။

“ဟာဂျီကိုလေးရဲ့ ကားပစ္စည်းဆိုင်ပါ။

သူ့မိန်းမ ဓါးထိလို့ ဆေးရုံပို့လိုက်ရတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ဓါးပြတိုက်ခံရသည့်နေရာသည် စစ်ကောင်စီကင်းချထားရာ မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ် တို့နှင့် မနီးမဝေးတွင် တည်ရှိကြောင်း မြို့ခံများက ပြောသည်။

ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားနှင့်ရဲများ အခင်းဖြစ်နေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဓါးပြအတိုက်ခံရသည့်ဖြစ်စဥ်အသေးစိတ်ကိုမူ မသိရသေးပေ။

အာဏာသိမ်းကာလအတွင်း မန္တလေးမြို့ပေါ်တွင်လည်း ရွှေဆိုင်များ၊ ဘဏ်များအပါအဝင် မကြာခဏ ဓါးပြတိုက်ခံနေရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အားကစားကွင်းအနီးရှိ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်၏နေအိမ် ဓားပြတိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။