Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အဝင်မုဒ်ဦးအား စစ်ကောင်စီက အပြာရောင်ဆေးသုတ်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အဝင်မုဒ်ဦးအား အနီရောင်ဆေးသုတ်ထားရာမှ အပြာရောင်အဖြစ် စစ်ကောင်စီက ပြောင်းလဲဆေးသုတ်နေကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

လွိုင်ကော်မြို့အဝင် အနီရောင်မုဒ်ဦးကို အပြာရောင်အဖြစ် စစ်ကောင်စီက ပြောင်းလဲနေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အဝင်မုဒ်ဦးအား အနီရောင်ဆေးသုတ်ထားရာမှ အပြာရောင်အဖြစ် စစ်ကောင်စီက ပြောင်းလဲဆေးသုတ်နေကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

ဒီချုပ်အစိုးရလက်ထက်က တည်ဆောက်ခဲ့သောမုဒ်ဦးအား အနီရောင် ဆေးသုတ်ထားမှုအပေါ် စစ်ကောင်စီက ယမန်နေ့ကစ၍ အပြာရောင်အဖြစ်ပြောင်းလဲ ဆေးသုတ်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြို့ဝင်ဆိုင်းဘုတ် အသေးရော မုဒ်ဦးကိုပါ အပြာရောင်သုတ်လိုက်တာ။သိရသလောက်တော့ ဝန်ကြီးချုပ်က လွိုင်ကော်မြို့ဘေးကင်းဖို့ ယတြာချေတယ်ကြားတယ်”ဟု လွိုင်ကော်မြို့နေပြည်သူတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ခဲ့ပြီး တစ်လကျော်အကြာတွင် လုပ်ဆောင်ခြင်းဖြစ်သည်။

ယမန်နှစ်ကုန်ပိုင်းက ၁၁၁၁စစ်ဆင်ရေးနှင့်အတူ လွိုင်ကော်မြို့ကိုပါ ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး မြို့လယ်ရပ်ကွက်အချို့ကိုပါ လအတန်ကြာ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ ပင်မအခြေစိုက်တပ်များကို သိမ်းပိုက်နိုင်မှုမရှိခြင်း၊ လေကြောင်းတိုက်ခိုက်မှုများပြားခြင်းနှင့် မြေပြင်စစ်ကူများစွာရောက်ရှိလာ၍ လွိုင်ကော်မြို့ကို ကရင်နီတပ်ပေါင်းစုဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။