Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ရေးတင်းမာနေ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီး

မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် ယာဥ်များပိတ်မိနေစဥ်။ ဓာတ်ပုံ-CJ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကာ စစ်ဆိုင်ထားဆဲဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)၊ ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“ဒီနေ့(အောက်တိုဘာလ ၁၈ ရက်) ပစ်ခတ်မှု အနည်းငယ်ရှိတယ်။ လေကြောင်းကနေ တိုက်ခိုက်တာမျိုးတော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းအချို့သည် ပုလောမြို့နယ်၊ မြိတ်-ပုလော ပြည် ထောင်စုလမ်းပိုင်းရှိ ကြဲကျေးရွာနှင့် မီးလောင်းချောင်းကျေးရွာများသို့ အောက်တိုဘာ ၁၄ ရက်မှစပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်တွင် လေကြောင်းပစ်ကူပေးခဲ့ရာ ကြဲရွာနှင့် စက်တော်ရာနေရာများသို့ ဂျက်ဖိုက်တာ(၃)စင်းဖြင့် နှစ်ကြိမ်တိတိလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ် ဖွဲ့များထံမှ စုံစမ်းသိရသည်။

“နေအိမ်ပျက်စီးမှု ရှိတယ်။ အရေအတွက်ကို အတည်မပြုနိုင်ဘူး။ ကြဲနဲ့ စက်တော်ရာ”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ ရက်ဆက်တိုက်ပွဲများကြောင့် မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် ယာဥ်များပိတ်မိလျှက်ရှိရာ ယာဥ်မောင်းတစ်ဦး လမ်းဘေးအပေါ့သွားစဥ် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ပြီး မြိတ်မြို့နယ်ရှိ ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိရသည်။

မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့သော ယာဥ် မောင်းသည် အသက် ၂၆ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အအေးခန်းကားမောင်းသူဖြစ်သည်။

အထက်ပါ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်း ရက်ဆက်တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေနှင့် တိုက်ပွဲအခြေအနေအပြည့်အစုံအား မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။